RCSS/SSA တပ်ဖွဲ့ ခြိမ်းခြောက်မူကြောင့် ကျေးရွာ (၃) ရွာ ထွက်ပြေးတိမ်းရှောင်နေရ
မတ်လ ၂၈ ရက်နေ့၊ ၂၀၁၈ ခုနှစ်
တအာင်းအမျိုးသမီးအဖွဲ့အစည်း
မှတ်တမ်းနှင့် သုတေသနဌာန
သီပေါမြို့နယ် ရွာ၃ရွာတွင် နေထိုင်သောရွာသားများကို ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီမှ၂၃ရက်နေ့တွင် အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်းခဲ့သည် ဟုသိရသည်။
ရွှေ့ပြောင်းနေရသောရွာသားများသည် သီပေါမြို့နယ် ထန်စန့်ကျေးရွာ၊ မန်လွယ်ကျေးရွာနှင့် ပန်ခါးကျေးရွာတို့ဖြစ်ပြီး ထိုရွာသားများသည် သီပေါမြို့နယ် ရတနာရွေဂူကျောင်းတွင် ပန်ခါးရွာနှင့် ထန်စန့်ရွာ အိမ်ထောင်စု(၁၃၈)၊က(၁၃၅)ဦးနှင့် မ(၃၄၄)ဦးတို့ဖြစ်ပြီး စုစုပေါင်းလူဦးရေမှာ (၄၇၉)ဦးရှိပြီး ဘော်ကြိုကျောင်းတွင်လည်းကောင်း အိမ်ထောင်စု (၁၁၇)၊ က(၁၅၀)နှင့် မ(၂၄၃)ဦး စုစုပေါင်းလူဦးရေအယောက် (၄၀၃) ဦးတို့ဖြစ်သည်။ ဘုန်းကြီးကျောင်းနှစ်ကျောင်းရှိ စုစုပေါင်းလူဦးရေမှာ (၈၈၂) ဦးတို့ဖြစ်သည်။
မန်လွယ်ရွာသားတစ်ဦးပြောပြချက်အရ “မင်းတို့က TNLAစစ်သားနဲ့အချိတ်အဆက်လုပ်နေတယ် ၊တကယ်လို့ TNLA တွေက ငါတို့ တပ်စခန်းကို သိတယ်ဆိုရင် နင်တို့ရွာတစ်ရွာလုံးကိုမီးရှို့ပစ်မယ်လို့ RCSSက ခြိမ်းခြောက်ပြီးပြောတယ်၊ ပြီးတော့ ရွာထဲကနေထွက်ခိုင်းတယ်၊ မနေခိုင်းဘူး၊ အခုဆိုရွာမှာဘယ်သူမှ မနေရဲကြတော့ဘူး အကုန်လုံးထွက်ပြေးလာခဲ့တယ်”ဟု ပြောသည်။
သီပေါမြို့နယ် စာပေယဉ်ကျေးမှုဥက္ကဌ ပြောပြချက်အရ ပန်ခါးရွာသူကြီးကို RCSSစစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်ထားပြီး ယနေ့မတ်လ ၂၆ရက်နေ့အထိ ပြန်လွှတ်ပေးခြင်းမရှိဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းကို ပြောသည်။
မတ်(၁၇) ရက်နေ့၊ ည(၈) နာရီအချိန်တွင်လည်း ထန်စန့်ကျေးရွာသား ၇၆ဦးကို RCSSတပ်မတော်မှ ၄င်းတို့တပ်စခန်းရှိရာသို့ဖမ်းဆီးခေါ်ဆောင်သွားပြီး ၁၈ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။
ယခုတွင် စစ်ရှောင်လာသူများအတွက် အစားအသောက်ပိုင်းတွင် နေ့စဉ်လိုအပ်ပြီး ကျန်သောအခန်းကဏ္ဍတွင် အဆင်ပြေမူရှိအောင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်လက်အောက် သီပေါမြို့နယ် ထွေအုပ်ရုံးမှ ဖွဲ့စည်းပေးသော ကော်မတီအဖွဲ့များက တာဝန်ယူဆောင်ရွက်ပေးနေရကြောင်း သိရသည်။











Leave a Reply
Want to join the discussion?Feel free to contribute!