မိုင်းပေါက်ကွဲခြင်းကြောင့် ရွာခံနှစ်ဦးသေဆုံး

အောက်တိုဘာ ၂၀ရက်၊ ၂၀၁၇
ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် အောက်တိုဘာလ၂၀ရက်နေ့အတွင်း မိုင်းပေါက်ကွဲမှု နှစ်နေရာဖြစ်ပွားပြီး ဒေသခံနှစ်ဦး သေဆုံးကြောင်းသိရသည်။

မန်လွယ်အုပ်စု အထက်မန်လွယ်ကျေးရွာနေ ဦးအိုက်ဟိန်းနှင့် ဒေါ်အေးခေးတို့၏ သမီးလွေးအေနာန်သည် မိခင်နှင့်အတူ လက်ဖက်ခြံမှအပြန်လမ်းတွင်မိုင်းထိမိရာပေါက်ကွဲမှုဖြစ်ပွားပြီးခြေတဖက်ထိသည့်အတွက်လားရှိုးဆေးရုံသို့ ပို့ဆောင်နေစဉ်ပင် လမ်းခုလတ်တွင် သေဆုံးခဲ့သည်။

ရွာခံတစ်ဦး ပြောပြချက်အရ လွေးအေနာန်နှင့် သူမ၏အမေသည် လက်ဖက်ခြံမှအပြန်လမ်းတွင် မိုင်းထိမိရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး သူမ၏ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့သည်။ မိခင်ဖြစ်သူ ဒေါ်အေးခေးသည်လည်း အနီးပတ်ဝန်းကျင်ရွာသို့ အကူအညီခေါ်ကာ လားရှိုးဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း လမ်းခုလတ်တွင်ပင် အသက်ဆုံးရှုံးခဲ့ရသည်။

မန်လွယ်ကျေးရွာအပြင် လုံတောက်ကျေးရွာတွင်လည်း မိုင်းလှစိုင်းဆိုသူသည်မိုင်းထိမိပြီး လားရှိုးဆေးရုံသို့ ပို့ဆောင်နေစဥ ်ညနေ ၆နာရီဝန်းကျင်တွင် သေဆုံးသွားသည်။

ယခုကဲ့သို့ ရွာသူရွာသားထိခိုက်မှုအပေါ် စိတ်မကောင်းဖြစ်မိပြီး နောက်နောင်တွင် ယခုလိုအဖြစ်မျိုး မကြုံစေလိုကြောင်းနှင့် အပြစ်မဲ့သည့် ပြည်သူလူထု၏ အသက်အိုးအိမ်ကို ချမ်းသာခွင့်ပေးစေချင်ကြောင်း မေတ္တာရပ်ခံချင်သည်ဟု ရွာဥက္ကဌမှ တအာင်းအမျိုးသမီးအဖွဲ့အစည်းကို ပြောပြသည်။

မှတ်တမ်းနှင့် သုတေသနဌာန
တအာင်းအမျိုးသမီးအဖွဲ့အစည်း

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *