မိုင်းနင်းမိသည့် ဦးဇင်း ၁ ပါးနှင့် ကိုရင် ၂ ပါး ဆေးကုသမှုခံယူနေရ
မတ်လ ၂၆၊ ၂၀၁၈ ခုနှစ်
တအာင်းအမျိုးသမီးအဖွဲ့အစည်း
မှတ်တမ်းနှင့်သုတေသနဌာန
ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်ခွဲ၊ မန်ခေါက်အုပ်စု၊ ပန်မုံကျေးရွာထိပ် ပျိုးပင်များစိုက်ထားသည့် နေရာတွင် မတ်လ ၂၅ ရက်နေ့၊ နံနက် ၈ နာရီဝန်းကျင်တွင် ပန်မုံရွာမှ ဦးဇင်း (၁) ပါးနှင့် ကိုရင် (၂) ပါး မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရခဲ့ကာ ကျောက်မဲဆေးရုံသို့ ဆေးကုသမှုခံယူနေရသည်ဟု သတင်းရရှိသည်။
ဦးဇင်းသာသန မိန့်ကြားသည်မှာ “ မနေ့တုန်းက ဦးဇင်းတို့က ရွာထိပ်မှာ စိုက်ထားတဲ့ ပန်းပင်တွေ ပြီးတော့ ဝါးပင်တွေရော သန့်ရှင်းရေးလုပ်မလို့ သွားလိုက်တာ၊ ဦးဇင်းတို့ သွားလုပ်မယ့်နေရာက ခြံခတ်ထားတဲ့နေရာနဲ့ဆိုရင် ပေ(၂၀) လောက်မှာပဲ မိုင်းပေါက်ကွဲသွားတာ၊ ဆိုင်ကယ် အင်ဂျင်လည်း ပေါက်သွားတယ်” ဟု မိန့်ကြားသည်။
မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရခဲ့သည့် ဦးဇင်းသာသန (၃၅)နှစ်သည် ညာခြေထောက်၊ ဘယ်ခြေဒူးခေါင်း၊ တင်ပါး၊ လည်ပင်း၊ ညာလက်မောင်းတွင် ထိခိုက်ပြီး ကိုရင် အရှင်နန္ဒသီရိ် (၁၅) နှစ် နှင့် ကိုရင် အရှင်သြဘာသ ် (၁၂) နှစ် တို့ မှာ ဘယ်ခြေတွင် အသီးသီး ဒဏ်ရာရခဲ့ကြသည်။
လွန်ခဲ့သော (၁၆) ရက်နေ့တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တပ်ဖွဲ့သည် ပန်မုံကျေးရွာတွင် (၁) ညလာအိပ်ခဲ့ပြီး မိုင်းငေါ့ဘက်သို့ ပြန်လည် ထွက်ခွာသွားခဲ့သည်ဟုလည်း သိရသည်။