မိုင်းနင်းမိခြင်းကြောင့် ရွာသားတစ်ဦး ဒဏ်ရာရရှိသော်လည်း ဆေးကုသခွင့် ပိတ်ပင်ခံရ
မတ်လ ၂၉ရက် ၂၀၁၈ခုနှစ်
တအာင်းအမျိုးသမီးအဖွဲ့အစည်း
မှတ်တမ်းနှင့်သုတေသနဌာန
မတ်လ ၂၈ရက် ၂၀၁၈ခုနှစ် မနက်(၆)နာရီတွင် သီပေါမြို့နယ် ထန်စန့်ရွာသားတစ်ဦး ရတနာရွေဂူကျောင်းရှိ မိသားစုထံ သွားနေစဉ် လမ်းတဝက်တွင် မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိကာ သီပေါမြို့သို့ ဆေးကုသရန် အတွက် RCSS တပ်သားမှ သွားခွင့်မပြုခဲ့ဘဲ ၄င်းတို့ တပ်စခန်းရှိရာသို့ ခေါ်ဆောင်သွားသည်ဟု သိရသည်။
ရွာသားတစ်ဦးပြောပြချက်အရ”ကိုုကျော်ကျော်က မိုင်းထိမိတာနဲ့ RCSSတပ်သားက သူ့ကိုမန်ပြစ်မှာ ရှိတဲ့ တပ်စခန်းမှာ ခေါ်သွားတယ်၊ မနေ့က သီပေါလူနာတင်ယာဉ်ကားက ကိုကျော်ကျော်ကိုလာကြိုမလို့ နောင်မွန်ထိ ရောက်တယ်၊ RCSSက ပေးမတက်ဘူး”ဟု ပြောသည်။
မိုင်းပေါက်ကွဲမှုကြောင့် ကိုကျော်ကျော်၏ ညာလက်မောင်း၊ ချိုင်းအောက်နံရိုးနှင့် ညာဘက်ပေါင်တို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မကြာခဏ မိုင်းပေါက်ကွဲမှုကြောင့် ရွာသူရွာသားများ စိုးရိမ်နေကြရသည်။
ဒေသခံပြည်သူများ၏ကိုယ်စား ပြောရေဆိုခွင့်ရှိသူတစ်ဦးမှ “အခုဆိုရင် ရွေဖီချိန် လက်ဖက်ခူးနေတဲ့အချိန်လည် းဖြစ်တယ်၊ စစ်ပွဲတွေ ရပ်ပေးပါလို့၊ တစ်နေ့ပြီးတစ်နေ့ ‘မိုင်း’ ကြောင့် သေဆုံးနေရတဲ့ အဖြစ်ကိုလည်း ကျမတို့ မလိုလားတော့ဘူး၊ ငြိမ်းချမ်းရေးကို အမြန်ဆုံးသယ်ဆောင်လာပေးပါ”ဟု ရင်ဖွင့်ပြောဆိုခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းတွင်လည်း သီပေါမြို့နယ် ထန်စန့်ရွာ၊ ပန်းခါးရွာ၊ မန်လွယ်ရွာနှင့် မန်ထန်ရွာတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီမှ ရွာထဲဝင်ရောက်ခြိမ်းခြောက်မှုကြောင့် ရွာသားများသည် ယနေ့ချိန်ထိ ရတနာရွှေဂူကျောင်းနှင့် ဘော်ကြိုကျောင်းတွင် စစ်ရှောင်နေကြရဆဲဖြစ်သည်။
Photo by local




Leave a Reply
Want to join the discussion?Feel free to contribute!