TNLA ထောင်ထားသော ကြိုးမိုင်းထိမိပြီး သေဆုံး

မေလ ၁၁ ရက်နေ့၊ ၂၀၁၈ ခုနှစ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့နယ်ခွဲ၊ လွယ်​ခမ်​းအုပ်​စု လွယ်​လိတ်​​ကျေးရွာအနီးတွင် ​ပါလဲင်​ရွာသားတစ်​ဦး မေလ ၆ ရက်နေ့ နေ့လည် ၁၂း၃၀ တွင် လက်ဖက်ခူးရန်သွားသည့် ကိုကျန်ဆွေသည် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ထောင်ထားသော ကြိုးမိုင်းထိမိကာ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

ရွာသားတစ်ဦးပြောပြသည်မှာ “သူက လက်ဖက်ခူးသွားတာ၊ သူ့မိန်းမ ခြံမှာပေါ့၊ အဲမှာသွားခူးတယ်၊ သူတို့လင်မယားနှစ်ယောက်ထဲသွားတာ၊ သူ့မိန်းမတော့ ဘာမှမဖြစ်ဘူး၊ သူက ရှေ့ကနေသွားတော့ သူနင်းမိပြီး ခဏလေးတော့ သူအသက်ရှိသေးတယ်၊ သူ့မိန်းမ ရွာထဲပြန်ပြီးတော့ လူသွားခေါ်တယ်၊ ရွာသားတွေ ရောက်လာတဲ့အချိန် သူသေသွားပြီ” ဟု ပြောသည်။

ကိုကျန်ဆွေသည် ဘယ်ခြေထောက်၊ ဝမ်းဗိုက်နှင့် ညာဘက်ဂျိုင်းအောက် နေရာတို့တွင် ဒဏ်ရာရပြီး သေဆုံးသွားခဲ့သည်။ မိုင်းနင်းမိပြီး သေဆုံးသွားခဲ့သော ကိုကျန်ဆွေအတွက် တအာင်းအမျိုးသားလွတ်မြောက် ရေးတပ်မတော်မှ ကူညီငွေ ကျပ်(၃)သိန်းတိတိ ကူညီပေးခဲ့သည်ဟု ရွာသားများထံမှ ထပ်မံသိရသည်။

ကိုကျန်ဆွေမိုင်းနင်းမိပြီး သေဆုံးသွားခဲ့သောနေရာတွင် အလားတူ မေလ(၅)ရက်နေ့တွင်လည်း မိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်မရှိခဲ့ကြောင်း သိရသည်။

မှတ်တမ်းနှင့် သုတေသနဌာန
တအာင်းအမျိုးသမီးအဖွဲ့အစည်း