TNLA တပ်သားဟု သံသယဝင်ကာ ကျေးရွာအတွင်းရေးမှူး ကိုမိုးကျော်အား ပုဒ်မ ၁၇/၁ ဖြင့် တရားစွဲသည့် အမှုနှင့်ပါတ်သက်ပြီး နောက်ဆက်တွဲ

ဖေဖော်ဝါရီလ ၁ရက်၊၂၀၁၈

မှတ်တမ်းနှင့် သုတေသနဌာန
တအာင်းအမျိုးသမီးအဖွဲ့အစည်း

နမ့်ဆန်မြို့နယ် ဟိုက်တမ်ကျေးရွာအတွင်းရေးမှုး ကိုမိုးကျော်အား နမ့်ဆန်ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားသည်မှာ ၂လကျော်ပြီဖြစ်ပြီး တရားလိုပြသက်သေဘက်မှ ရုံးချိန်းပျက်ကွက်ခဲ့သောကြောင့် ဇန်နဝါရီလ ၃၁ရက်နေ့ကို ၈ကြိမ်မြောက် ရုံးချိန်းခဲ့သည်။

ရုံးချိန်း (၈)ကြိမ်မြောက်တွင် တရားလိုပြသက်သေအဖြစ် စခန်းမှူး ဦးသန်းဆွေအား ကိုမိုးကျော်ထံ အိမ်တွင်းဝင်ရောက်စစ်ဆေးစဉ်ကမည်သည့် သက်သေအထောက်အထားရရှိခဲ့သလဲဟု တရားသူကြီး၏ မေးမြန်းမှုကို ပြန်ဖြေရာတွင် သက်သေမခိုင်လုံသောကြောင့် တဖန် တရားခံပြသက်သေအားစစ်ဆေးရန် ဖေဖော်ဝါရီလ ၆ရက်နေ့တွင် ရုံးချိန်းလိုက်သည်ဟု သိရသည်။

ကိုမိုးကျော်သည် ၂၀၁၇ခုနှစ် နိုဝင်ဘာ ၁၂ရက်နေ့ကတည်းက မိမိအိမ်တွင်ထမင်းချက်နေစဉ် မြန်မာ့တပ်မတော် တပ်မ (၇၇)မှ အိမ်တွင်းဝင်ရောက်ဖမ်းဆီးခြင်းကို ခံခဲ့ရသူဖြစ်သည်။

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *