မြန်မာ့တပ်မတော် တပ်မ(၈၈)မှ ရွာသား ၃ဦးအား ဖမ်းဆီးရိုက်နှက်
နိုဝင်ဘာ၂၁၊ ၂၀၁၇
နိုဝင်ဘာ ၁၅ရက်နေ့ နံနက် ၁၀:၃၀အချိန် မီးသွေးဖုတ်ပြီး ပြန်လာသည့် ရွာသား ၃ဦးအား မြန်မာ့တပ်မတော် တပ်မ ၈၈မှ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်တပ်သားများဟု သံသယဖြစ်ကာ ဖမ်းဆီးချုပ်နှောင် ရိုက်နှက်ခဲ့သည်။
ဖမ်းဆီးထိန်းသိမ်းခံရသည့် နမ့်ခမ်းမြို ့နယ် ကောင်းခေရွာသား ၂ဦးဖြစ်သူ မိုင်းအိုက်နိုင် ၂၆နှစ်၊ ဦးအိုက်ကြာအောင် ၄၃နှစ် နှင့် နမ့်ဆရီးရွာသားဖြစ်သူ မိုင်းလူမ်ဆာ ၃၂နှစ်တို့ ဖြစ်ကြသည်။
ရွာသားများပြောပြချက်အရ မြန်မာ့တပ်မတော် တပ်မ ၈၈ မ မီးသွေးဖုတ်ပြီး ရွာပြန်လာသည့် ရွာသား၃ဦးကို စစ်ဆေးမေးမြန်းခြင်း ပြုလုပ်ကာ ဝါးလိုင်ပြည်သူ့စစ်စခန်းတွင် ၂ညနှင့် ၃ရက် ချုပ်နှောင်ခဲ့ပြီး ရိုက်နှက်ခဲ့သည်။ ၃ရက်နေ့မြောက်တွင် တပ်စခန်းမှ ကောင်းခေရွာဥက္ကဌထံ ဖုန်းဆက်ပြီး ရွာသားမှန်ကန်ကြောင်းထောက်ခံခိုင်းပြီး ကောင်းခေရွာသား ၂ဦးအား ပြန်လည်လွှတ်ပေးခဲ့သည်။ သို့သော် နမ့်ဆရီးရွာသားကိုမူ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်သည်။
ရွာဥက္ကဌ ပြောပြသည်မှာ “ တပ်တွေအနေနဲ့ နောင်အခါ ဘယ်သူ့ကိုပဲဖမ်းဖမ်း စစ်မေးတဲ့အခါ ကောင်းကောင်းမွန်မွန်ပဲ မေးမြန်းစေချင်တယ်။ ရွာသားတွေကို အခုလို ရိုက်နှက်တာတွေ မလုပ်ဖို့ တောင်းဆိုချင်တယ်”ဟု ပြောပြသည်။
မှတ်တမ်းနှင့် သုတေသနဌာန
တအာင်းအမျိုးသမီးအဖွဲ့အစည်း