မြန်မာ့တပ်မတော် စခန်းသစ်ကုန်းမှ သေနတ်ဖြင့်ရမ်းပစ်ရာမှ အမျိုးသမီးတစ်ဦးအားထိမှန်

နိုဝင်ဘာ ၂၁၊ ၂၀၁၇
နမ့်ခမ်းမြို့နယ်၊ ကြူဆိုင်းရွာ၌ နိုဝင်ဘာ ၉ရက်နေ့ ညနေပိုင်း ၅နာရီ ၃၀မိနစ်အချိန်တွင် စခန်းသစ်ကုန်းမှနေ၍ မြန်မာ့တပ်မတော်မှ သေနတ်ဖြင့် လျှောက်ပစ်သဖြင့် စပါးရိတ်သိမ်းပြီး ရွာသို့ ပြန်လာသည့် ဒေါ်အိုင်စောခင်၏ သွားများကို ထိမှန်ခဲ့သည်။

ရွာခံများပြောပြချက်အရ ညနေစောင်း ၅နာရီအချိန်မှစ၍ ၆နာရီအထိ နမ့်ခမ်း(ကြူဆိုင်း)အခြေစိုက် တပ်စခန်းသစ်ကုန်းမှနေ၍ တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ ရွာသူရွာသားများ သွားလာရာလမ်းဘက်သို့ သေနတ်ဖြင့် လျှောက်ပစ်ရာ ရွာသို့ ဆိုင်ကယ်ဖြင့် ပြန်လာသောဒေါ်အိုင်စောခင်၏ သွားများကို ထိမှန်ခဲ့သည်။

သေနတ်မှန်သူ ဒေါ်အိုင်စောခင်ပြောပြသည်မှာ “ စပါးရိတ်သိမ်းနေတုန်းပဲ အိမ်ပြန်ချိန်တော့ မရောက်သေးဘူး ၅နာရီဝန်းကျင်လောက်က တောင်ထိပ်မှာသေနတ်ပစ်သံကြားနေရလို့ ဆိုင်ကယ်နဲ့ အမြန်အိမ်ပြန်လာခဲ့တာပဲ။ လမ်းတဝက်ရောက်တော့ သွားကျိုးတဲ့အသံကြားလို့ အရှေ့က ဆိုင်ကယ်မောင်းတဲ့မောင်လေးကို လှမ်းပြောလိုက်တယ်။ အိမ်ရောက်တော့ အင်္ကျ ီမှာ သွေးတွေပြည့်နေပြိီ။ ဆေးခန်းတော့ သွားပြတယ် အပေါ်သွား ၁ချောင်းကျွတ်တယ် အောက်သွား ၃ချောင်း ပဲ့ပြီး သွားဖုံးတွေ ယောင်ကိုင်းနေတယ် ဆေးကုသမှုခံနေရတုန်းပါပဲ”ဟု ပြောပြသည်။

မှတ်တမ်းနှင့် သုတေသနဌာန
တအာင်းအမျိုးသမီးအဖွဲ့အစည်း