မြန်မာ့တပ်မတော်မှ အကြောင်းမဲ့ ပစ်ခတ်သော လက်နက်ကြီးကြောင့် နေအိမ် ၉အိမ်ပျက်စီး

နိုဝင်ဘာ ၃၀၊ ၂၀၁၇
နိုဝင်ဘာ ၂၃ရက် ၂၀၁၇ခုနှစ် ည ၉နာရီဝန်းကျင်တွင် မြန်မာ့တပ်မတော် တပ်မ ၈၈မှ အကြောင်းမဲ့ လက်နက်ကြီးပစ်ခတ်သဖြင့် ကွတ်ခိုင်မြို့နယ် မိုင်းယုလေးကျေးရွာတွင်းသို့ ကျသဖြင့် နေအိမ် ၉အိမ် ပျက်စီးခဲ့သည်။

ကွန်းအေကာ၊ယားမားလပ်အွန်၊ဦးအိုက်အောင်၊ယားမားထွန်း၊ ယားမားလွဲ့၊ ဦးယိုင်ဦး၊ ယားမားညမ့်၊ ယားမာအောင် နှင့် ဦးအိုက်ထွန်း တို့၏နေအိမ်များ ထိမှန်ခဲ့ကြောင်း သိရသည်။

ဒေသခံများ၏ ပြောပြချက်အရ လက်နက်ကြီးကျချိန်သည် ရွာသူရွာသားများအိပ်မောကျသည့်အချိန်ဖြစ်သောကြောင့် မိုးချိန်းသည်ဟုသာ ထင်ကြပြီး နံနက်မိုးလင်းသည့်အချိန်မှ ထကြည့်ရာ လက်နက်ကြီးကျပြီး ပေါက်ကွဲသဖြင့် အနီးနားရှိ အိမ်များသို့ လက်နက်စများ ထိမှန်သည်ကို သိခဲ့ကြသည်။

မိုင်းယုလေးကျေးရွာထိပ်တွင် မိုင်းယုလေးအခြေစိုက်သည့် ပြည်သူ့စစ်ရှိသော်လည်း ထိုတပ်မှ ပစ်ခတ်ခြင်းမဟုတ်ဘဲ နမ့်ဖက်ကာဘက်မှ လှမ်းပစ်သော လက်နက်ကြီးဖြစ်သည်ဟု ရွာသူရွာသားများမှ ယုံကြည်ကြသည်။

မှတ်တမ်းနှင့် သုတေသနဌာန
တအာင်းအမျိုးသမီးအဖွဲ့အစည်း

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *