မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ရွာသားတစ်ဦးထိခိုက်ဒဏ်ရာရ
ဖေဖော်ဝါရီ၊ ၁၆ရက်၊ ၂၀၁၈ ခုနှစ်
သတင်းမှတ်တမ်းနှင့် သုတေသနဌာန
တအာင်းအမျိုးသမီးအဖွဲ့အစည်း
ဖေဖော်ဝါရီလ ၁၁ရက်နေ့ ညနေ(၄)နာရီအချိန်တွင် မိုင်းငေါ့မြို့နယ် ကွမ်းစလန်းကျေးရွာနေ ရွာသားတစ်ဦးသည် လက်ဖက်ခြံရှင်းနေစဉ် မိုင်းနင်းမိ၍ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။
ကာယကံရှင်၏ အစ်ကိုဖြစ်သူ ပြောပြသည်မှာ “လက်ဖက်ခြံထဲမှာ မိုင်းနင်းမိပြီးတော့ လမ်းမကြီးဘက်ကို သူ လျှောက်လာတယ်၊ အဲ့မှာတင် တစ်ည သတိလစ်သွားတယ်၊ မနက်ခင်းမှ လမ်းမပေါ် ဖြတ်သွားတဲ့ ကားတစ်စီးက သူ့ကို ကျောက်မဲဆေးရုံ ပို့ပေးခဲ့တယ်၊ အဲ့ဒီ ကားဆရာကိုတော့ မသိလိုက်ရဘူး” ဟု ပြောပြသည်။
မိုင်းပေါက်ကွဲမှုကြောင့် မိုင်းထွန်းသိန်း၏ ဦးခေါင်းထိပ် နှင့် ပေါင်နှစ်ဖက်စလုံးတွင် ဒဏ်ရာရရှိပြီး ကျောက်မဲဆေးရုံသို့ ခွဲစိပ်ကုသခံနေရသည်ဟု သိရသည်။
Photo Credited to Uploder




Leave a Reply
Want to join the discussion?Feel free to contribute!