မြန်မာ့တပ်မတော်မှ ရွာသားများ၏ နေအိမ်များကို မီးရှှိုု့ဖျက်ဆီး

ဇန်နဝါရီလ ၁၆ရက်၊ ၂၀၁၈

မှတ်တမ်းနှင့် သု​တေသနဌါန
တအာင်းအမျိုးသမီးအဖွဲ့အစည်း

ဇန်နဝါရီလ ၁၄ ရက်နေ့တွင် မြန်မာ့တပ်မတော် တပ်ရင်း (၅၀၄)/ စကခ နောင်ချိုတပ်ရင်းမှ နမ့်ဆန်မြို့နယ် ကျောက်ဖြူလေးအုပ်စု ကြက်သေကျေးရွာတွင်ဝင်ရောက်ပြီး ရွာသားများ ကျောက်မဲမြို့ပေါ်သို့ စစ်ဘေးရှောင် နေစဉ် ရွာသားများ၏ အိုးအိမ်များကို ဖောက်ထွင်းပြီး အစားအသောက်များ နှင့် ပစ္စည်းများယူသည့်အပြင် လူနေအိမ်(၃)အိမ်ကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

ဒေသခံတဦးမှ “ကျနော်တို့က မနေ့ကရွာပြန်တယ် ရွာထိပ်မှာ သူတို့ တပ်စခန်းလုပ်ထားတယ် ရွာထိပ်ရောက်တာနဲ့ စစ်ကြောင်းတွေက မြင်းခြောက်ကောင်နဲ့ ပစ္စည်းတွေတင်သွားတာတွေ့တယ် ရွာထဲဝင်လာတော့ အိမ်တိုင်းလိုလိုပဲ သော့ခတ်ထားတဲ့အိမ်ဆိုရင် ဖောက်ပြီး ပစ္စည်းတွေယူတယ် သေတ္တာတွေ ဖောက်ပစ်တာတွေ့တယ် အိမ်သုံးလုံးလည်း မီးရှို့ထားတယ် ဘုန်းကြီးကျောင်းနဲ့ ဆရာလေးကျောင်းပါမကျန် အကုန်လုံး ဝင်မွှေထားတယ်” ဟု ပြောသည်။

အိမ်မီးရှို့ဖျက်ဆီးခံရသော နေအိမ်များမှာ ဦးအောင်ကိုကို+ဒေါ်ဝေဝေခိုင်အိမ်၊ ဒေါ်အေးခင်အိမ်နှင့် ကိုကျော်လေး+ဒေါ်အေးမှိုမ် အိမ်တိ်ု့ဖြစ်သည်။ မီးရှို့ခံရသောပစ္စည်းများမှာ အိုးခွက်ပန်းကန်များ၊ စပီကာများ၊ စက်ပစ္စည်းများ၊ ဆိုင်ကယ် (၆)စီး၊ ဒိုင်နမိုစက်(၃)လုံး၊ ကုန်စုံဆိုင်ပစ္စည်းများ နှင့် အိမ်ဆောက်ပစ္စည်းများ ပါဝင်သည်။

“ခန့်မှန်းခြေ ဆုံးရှုံးသွားတဲ့ (၃)အိမ်က သိန်း ၃၀ဝ နှင့် ၄၀ဝ ကြားရှိတယ်။ ဒါ့အပြင် ဖောက်ခံရတဲ့အိမ်တွေဆိုရင် အိမ်တိုင်းလိုလို ဆန်(၂)အိတ် ပြီးရင် အသုံးအဆောင်ပစ္စည်းတွေလည်း ပါသွားတယ်။ ပျက်စီးဆုံးရှုံးမှုတန်းဖိုး အားလုံးတော့ အတိအကျမပြောနိုင်သေးဘူး” ဟု ဒေသခံမှ ထပ်မံပြောပြသည်။

ကြက်သေကျေးရွာအပြင် အာပြောင်ကျေးရွာ နှင့် ကျောက်ဖြူလေးကျေးရွာတွင်လည်း အိုးအိမ်များကို ဝင်ဖောက်ခံရပြီး အစားအသောက်၊ စောင် နှင့် အိုးခွက်ပန်းကန်များ ယူသွားသည်ဟု သိရသည်။

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *