နမ္မတူမြို ့ပေါ်သို့ ရောက်ရှိနေသော စစ်ရှောင်များအခြေအနေ

ဇန်နဝါရီလ ၁၆ရက်၊၂၀၁၈ခုနှစ်

မှတ်တမ်းနှင့်သုတေသနဌာန
တအာင်းအမျိုးသမီး အဖွဲ့အစည်း

ဇန်နဝါရီလ ၁၁ရက် ၂၀၁၈ခုနှစ်တွင် မြန်မာတပ်မတော်နှင့် တအာင်းလွတ်မြောက်ရေးတပ်မတော်တို့ နမ္မတူမြို့နယ် လွယ်စပိကျေးရွာ အနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် လီဆူရွာသားများသည် နမ္မတူမြို့သို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်လာကြသည်။

ရွာသားတစ်ဦးမှ “ရွာမှာ တအာင်းတပ်မတော်တွေ နေနေတာ တစ်လကျော်လောက် ရှိပြီ ဒါပေမယ့် ပြဿနာတွေ မဖြစ်ဘူး။ သူတို့နေတဲ့ တပ်ကုန်းမှာ ရေအဆင်မပြေလို့ ရွာထဲမှာ လာနေကြတယ်။ ရွာထဲမှာဆိုတော့ ပြည်သူတွေအတွက် အန္တရာယ်များတယ်လို့ သူတို့ကိုပြောပြီး နေရာရွှေ ့ပေးဖို့ မေတ္တာရပ်ခံ တယ်။ သူတို့လည်း ရွှေ ့ပေးလိုက်တယ်။ ၁၁ရက်နေ့မှာ တပ်မတော်စစ်ကြောင်းတွေ ရွာဘက် တက်လာ တယ်လို့ သတင်းကြားတော့ တိုက်ပွဲဖြစ်မှာကြောက်လို့ ရွာသားတွေကို ရှောင်ဖို့ ပြောလိုက်တယ်” ဟု တအာင်းအမျိုးသမီးအဖွဲ့ အစည်းထံ ပြောသည်။

မြန်မာ့တပ်မတော်စစ်ကြောင်းမှ လယ်သမားတစ်ဦးအား လမ်းပြခိုင်းကာ လွယ်စပိကျေးရွာသို့ ချီတက်ကြစဉ် ရွာသားများသည် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ကာ နီးစပ်ရာကျေးရွာများ နှင့် နမ္မတူမြို ့သို့ ထွက်ပြေးခဲ့ကြသည်။

“စစ်ကြောင်းတွေ ရွာမရောက်ခင်ကတည်းက ကြိုတင်တိမ်းရှောင်တဲ့အတွက် ရွာသားတွေကို ထိခိုက်တာ တော့ မရှိဘူး။ ရွာအောက်ရောက်တော့ တိုက်ပွဲသံကြားနေရပြီ” ဟု ၄င်းက ဆက်ပြောသည်။

လက်ရှိတွင် လီဆူစစ်ရှောင်ပြည်သူများသည် နမ္မတူမြို့နယ် ရပ်ကွက်(၈)ရှိ လီဆူစစ်ရှောင်းစခန်းတွင် ရောက်ရှိ ခိုလုံနေလျှက်ရှိပြီး လူဦးရေမှာ ကျား – ၅၃ဦးနှင့် မ – ၄၅ဦးဖြစ်ပြီး စုစုပေါင်း(၉၈)ဦး ရှိပါသည်။

စစ်ရှောင်ပြည်သူများအား KBC ၊ မေတ္တာဖောင်းဒေးရှင်း၊ တအာင်းအမျိုးသမီးအဖွဲ့အစည်း၊ နမ္မတူမြို ့နယ်မှူး များ၊ ဌာနဆိုင်ရာများနှင့် TNPအဖွဲ့ဝင်များမှ လာရောက်အားပေးစကားပြောပေးခြင်းအပြင် အစားအ သောက်၊ အမိုးအကာ၊ စောင်နှင့် ထင်းများကို လာရောက်ကူညီပေးလျှက်ရှိသည်။

လက်ရှိတွင် စစ်ရှောင်များသည် အစားအသောက်၊ စောင်၊ အနွေးထည် နှင့် ကလေးအသုံးအဆောင်များ ထပ်မံလိုအပ် နေသေးကြောင်း သိရသည်။

စစ်ရှောင်များသည် ရပ်ရွာအခြေအနေမတည်ငြိမ်ပါက ၁ လ မှ ၂ လ အထိ လက်ရှိနေရာတွင် ဆက်လက် နေထိုင်မည်ဟုလည်း ပြောသည်။

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *