မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိ

အောက်တိုဘာလ ၂၁ ရက် ၂၀၁၈ ခုနှစ်တွင် မန့်ပန်ကျေးရွာတွင် နေထိုင်သော ရွာသားတစ်ဦးမှ မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်စွာ ရရှိသဖြင့် နမ့်ခမ်းပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်ဟု သိရသည်။

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မန့်ပန်ကျေးရွာတွင် နေထိုင်သော တားကွန်းအောင်သည် နံနက် ၁၀ နာရီ ဝန်းကျင်ခန့်တွင် လယ်တောထဲ ဆင်းနေစဉ် မိုင်းနင်းမိပြီး လည်ပင်း၊ ခြေထောက်၊ ပုခုံးစသည့် ခန္ဒာကိုယ် တစ်ခုလုံးနီးပါး ဒဏ်ရာပြင်းထန်စွာ ရရှိသည်။

ဒေသခံတစ်ဦးမှ “ တားကွန်အောင်က လယ်တောထဲသွားပြီး ရေးမြောင်းအနား ရောက်တဲ့ချိန်မှာ မိုင်းထိပြီး ခြေထောက်နှစ်ဖက်ထိတယ်၊ လည်ပင်းထိတယ်၊ ခန္ဒာကိုယ်တခုလုံးနီးပါး ဒဏ်ရာရတယ်” ဟုပြောသည်။

ဒဏ်ရာရရှိသူ တားကွန်အောင်အား ရွာသားမှ လယ်တောမှ ကျေးရွာသို့ ထမ်းလာပြီး ရွာမှ တစ်ဆင့် နမ့်းခမ်းပြည်သူ့ ဆေးရုံသို့ ကားဖြင့် သယ်ယူပို့ဆောင်ပေးသည်ဟု သိရသည်။

၄င်းမိုင်းသည် မည်သည့် လက်နက်ကိုင်အဖွဲ့ ထောင်ထားသည့်မိုင်း ဖြစ်သည်ကို မည်သူမျှ မသိရသေးပေ။

တအာင်းအမျိုးသမီး အဖွဲ့အစည်း