မြန်မာ့တပ်မတော်မှ ရက်သား ကလေးငယ်တစ်ဦးအပါအဝင် ရွာသား (၉) ဦးကို ဖမ်းဆီးခေါ်ဆောင်

နိုဝင်ဘာလ ၂၀ ရက်နေ့ ၂၀၁၈ ခုနှစ်တွင် မြန်မာ့တပ်မတော် ကွတ်ခိုင်အခြေစိုက် ခလရ (၄၅) တပ်ရင်းနှင့် တပ်မ (၉၉) တို့သည် မန်ပန်ကျေးရွာ၊ ပန်ကူကျေးရွာနှင့် မန်ဆာကျေးရွာရှိ ရွာသား (၉)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

မန်ပန်ရွာသားတစ်ဦးပြောပြချက်အရ “ အုပ်ချုပ်ရေးမှူးရဲ့ အစ်မ အရင်လာဖမ်းတယ်၊ ပြီးတော့မှ အုပ်ချုပ်ရေးမှူးကို ပြန်လာဖမ်းတယ်၊” ဟုပြောသည်။

ထို့အပြင် ပန်ကူစစ်ရှောင်စခန်းတွင် နေထိုင်သည့် (၁၅) ရက်သာ ရှိသေးသည့် ကလေးနှင့် မိခင်အပါအဝင် အခြား ရွာသားတွေကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

၄င်းရွာသားမှ “ သူတို့ (၁၅) ရက်သာရှိသေးတဲ့ ကလေးနဲ့ မိခင်ကို ဖမ်းသွားတယ်၊ ပြီးတော့ သူမ ကလေး အကြီးတစ်ယောက်နဲ့ ကလေးထိန်းအမျိုးသမီး တစ်ယောက်ကိုလည်း ဖမ်းသွားတယ်” ဟု ဆက်ပြောသည်။

ဖမ်းဆီးခံရသည့် ရွာသား (၉)ဦးအနက် ကလေးနှင့် မိခင် အပါအဝင် (၅) ဦးပြန်လည်လွတ်မြောက်လာပြီး ကျန်သည့် အုပ်ချုပ်ရေးမှူးနှင့် ရွာသား (၃) ဦးကို စခန်းတွင်သာ ဆက်လက်ချုပ်နှောင်နေဆဲ ဖြစ်သည်ဟု ထပ်မံ သိရသည်။

မှတ်တမ်းနှင့် သုတေသနဌာန