တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ရာချီ ထွက်ပြေးတိမ်းရှောင်နေရ

နိုဝင်ဘာလ ၃၀ ရက် ၂၀၁၈ ခုနှစ်တွင် ရှမ်းလက်နက်ကိုင် အချင်းချင်းဖြစ်သည့် RCSS/SSA နှင့် SSPP တို့ အပြန်အလှန်တိုက်ပွဲဖြစ်ပွားမှုကြောင့် ရွာသူရွာသားများ ရာချီထွက်ပြေးတိမ်းရှောင်နေခဲ့ ရသည်။

ရှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟိုခဲအုပ်စု ပျဉ်ဝင်ကျေးရွာအနီးရှိ တောင်ကြော နှစ်ခုကြားတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ရွာသူရွာသားများမှ မတ်ချီးနုတ်ကျေးရွာရှိ ဘုန်းကြီးကျောင်းသို့ ထွက်ပြေးတိမ်းရှောင်နေသည်။

မတ်ချီးနုတ်ကျေးရွာ ဆရာတော်ဦးနေမိန္ဒမှ “ မနက် ၆ နာရီခွဲလောက်မှာ တိုက်ပွဲစဖြစ်တော့ ရွာကလူတွေ အကုန်လန့်ပြီး ထွက်ပြေးကြတယ်၊ သူတို့ရွာ (ပျဉ်ဝင်) က တိုက်ပွဲဖြစ်တဲ့ တောင်နှစ်ခု ကြားမှာရှိနေတယ်၊ ထွက်ပြေးလာတဲ့သူတွေထဲမှာ သက်ကြီးရွယ်အိုတွေ၊ မီးဖွားမိခင်တွေ၊ ဘုန်းကြီး၊ ကိုရင်တွေလည်း ပါတယ်” ဟု မိန့်ကြားခဲ့သည်။

ထွက်ပြေးတိမ်းရှောင်သူများ စုစုပေါင်း လူဦးရေ (၂၀ဝ) နီးပါးရှိပြီး ကျောင်းဆရာမတွေ ပါသည့်အတွက် စာသင်ကျောင်းလဲ ခေတ္တပိတ်ထားရကြောင်း သိရသည်။

စစ်ဘေးရှောင်သည့် ရွာသူရွာသားများအတွက် အစားအသောက်၊ အမျိုးသမီးအသုံးဆောင်ပစ္စည်း၊ တစ်ကိုယ်ရေ သန့်ရှင်းရေး အသုံးအဆောင်ပစ္စည်းများ အမြန်ဆုံးလိုအပ်ကြောင်း ဘုန်းကြီးမှ ထပ်မံ မိန့်ကြားအပ်သည်။

တအာင်းအမျိုးသမီး အဖွဲ့အစည်း