ရွာသားတစ်ဦးကို မြန်မာ့တပ်မတော် တပ်မ (၈၈)မှ ထိုးနှက်ခဲ့

ရွာသားတစ်ဦးကို မြန်မာ့တပ်မတော် တပ်မ (၈၈)မှ ထိုးနှက်ခဲ့

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့၊ ည ၈ နာရီအချိန်တွင် မန်တုံမြို့နယ်၊ ဆိုင်းလိန်ကျေးရွာအခြေစိုက် တပ်မ ၈၈ လက်အောက်ခံတပ်ရင်း၊ ခမရ ၄၁၆ ဗိုလ်မှူးရဲမင်းထွန်း ဦးဆောင်သော တပ်ဖွဲ့မှ ဗိုလ်ကြီး လှိုင်ဝင်းထွန်းသည် ရွာသားဖြစ်သူ မိုင်နိုင်လှကို ထိုးနှက်ခဲ့သည်။

အမှုကိုကူညီပေးသူတစ်ဦး ပြောပြသည်မှာ “ ကျနော်တို့ ရွာဘုန်းကြီးကျောင်းမှာ ရေကန်လုပ်နေတာ၊ ကျနော်က နိုင်လှကို ရွာထဲက ကျောင်းဆရာမရဲ့ အမျိုးသားကို သွားခေါ်ခိုင်းတဲ့ချိန် ဆရာမတို့အိမ်မှာဘဲ ဗိုလ်ကြီးတစ်ယောက်က ဘာမှ မပြောဘဲ သူ့ကို ထိုးလိုက်တာ၊” ဟုပြောသည်။

၄င်းရွာသား ရိုက်နှက်ခံရပြီးနောက် အခြားရွာသားတစ်ဦးမှ အကြောင်းရင်း မေးမြန်းကြည့်ရာ ထိုးချင်လို့ ထိုးတာ ဖြစ်ကြောင်း ဗိုလ်ကြီး လှိုင်ဝင်းထွန်းမှ ပြောသည်ဟု သိရသည်။

မိုင်းနိုင်လှသည် ဘယ်ဘက်မျက်စိထောင့်တွင် ဒဏ်ရာရရှိပြီး ဆိုင်းလိန်ကျေးရွာတွင် အခြေချသော ခမရ ၄၁၆ တပ်ဖွဲ့တွင် ဆေးကုသမှု ခံယူပြီး ယ္ခုလက်ရှိတွင် ဒဏ်ရာပျောက်ကွယ်ပြီဟု သိရသည်။

ရိုက်နှက်ခံရသည့် မိုင်းနိုင်လှ အပါအဝင် ၄င်း၏ မိဘ၊ ရွာဘုန်းကြီးနှင့် ရပ်မိရပ်ဖတို့ကို ရွာဘုန်းကြီးကျောင်းတွင် ကျူးလွန်သူ ဗိုလ်ကြီး လှိုင်ဝင်းထွန်းနှင့် ဗိုလ်မှူးတို့မှ တောင်းပန်ပြီး ကူငွေ ၅ သောင်းကျပ်ပေးသည့်အပြင် မိုင်းဝီးကျေးရွာရှိ ဗျူဟာမှူးရုံးမှ ငွေ ၃ သိန်းကျပ် ထပ်ကူညီပေးခဲ့ကြောင်း သိရသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ စစ်ဆင်ရေးနယ်မြေအလိုက် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုအားလုံးကို(၄)လသာရပ်ဆိုင်းထားမည်ဟု ထုတ်ပြန်ကြေငြာထားပြီးနောက် တပ်စခန်းအသစ်တိုး ချဲ့သည့် တပ်ဖွဲ့ ဖြစ်သည်ဟု ထပ်မံ သိရသည်။

တအာင်းအမျိုးသမီးအဖွဲ့အစည်း