စစ်ဘေးရှောင်များ ထွက်ပြေးနေစဉ် ရွာသား (၁၀) ဦးပျောက်ဆုံးနေ
ဖေဖော်ဝါရီလကုန်ပိုင်းမှ စ၍ တိုက်ပွဲကြောင့် နမ္မတူမြို့နယ် မန်လီကျေးရွာရှိ ရွာသူရွာသားများ ထွက်ပြေးတိမ်းရှောင်နေစဉ် ရွာသား (၁၀) ဦးပျောက်ဆုံးပြီး ယနေ့ချိန်ထိ အဆက်သွယ်မရကြောင်း သိရသည်။
တိုင်းရင်းသား လက်ကိုင်ဖြစ်သည့် RCSS နှင့် SSPP-TNLA ပူးပေါင်းတပ်ဖွဲ့တို့ အချင်းချင်းကြား ဖြစ်ပွားသည့် တိုက်ပွဲကြောင့် နမ္မတူမြို့နယ်ရှိ ကျေးရွာများမှ စစ်ရှောင်ဒုက္ခသည်များသည် သီပေါမြို့နယ်သို့ ရာချီထွက်ပြေး တိမ်းရှောင်နေရသည်။
သီပေါမြို့ရှိ စစ်ရှောင်ဒုက္ခသည်ကူညီပေးသူ တစ်ဦးမှ “ တိုက်ပွဲဖြစ်လို့ ရွာကလူအကုန်လုံးထွက်ပြေးလာရတယ်၊ အဲလို ပြေးနေတဲ့ချိန် ရွာသားတချို့ ပျောက်ဆုံးနေတယ်၊ အခုလက်ရှိ စာရင်းအရ (၁၀) ဦးရှိနေပြီ၊ ဘာအဆက်အသွယ်မှ မရသေးဘူး” ဟုပြောသည်။
ပျောက်ဆုံးသည့် ရွာသားများအနက် တချို့သည် ရွာစောင့်အနေဖြင့် ကျန်ရှိရာမှ ပျောက်ဆုံးပြီး တချို့ရွာသားသည် ရွာအခြေအနေ ပြန်ကြည့်ရန် နေရပ်သို့ ပြန်သွားရာမှ ပျောက်ဆုံးသွားကြောင်း သိရသည်။
ထို့အပြင် တိုက်ပွဲကြောင့် စစ်ရှောင်နေသည့် ရွာသားများသည် နေရာထိုင်ခင်း အဆင်မပြေသည့်အတွက် တချို့မှ မိတ်ဆွေအိမ်တွင် တည်းခိုပြီး ရေရှည်အတွက် စားရေးသောက်ရေး လိုအပ်မည်ဟု သိရသည်။
တအာင်းအမျိုးသမီး အဖွဲ့အစည်း