လက်နက်ကြီးကျည်းပေါက်ကွဲမှုကြောင့် ကလေး(၂)ဦး သေဆုံးပြီး (၈)ဦး ထိခိုက်ဒဏ်ရာရရှိခြင်းအပေါ် သဘောထားထုတ်ပြန်ချက်

၂၀၁၉-ခုနှစ်၊ ဧပြီလ (၂၈) ရက်နေ့

၁။ ၂၀၁၉-ခုနှစ်၊ ဧပြီလ (၂၆) ရက်နေ့ ညနေ (၆း၃၀) နာရီ နမ့်ခမ်းမြို့နယ်၊ မန်ပန်ကျေးရွာတွင် ကလေးများ ဘောလုံးဆော့ကစားနေစဉ် လက်နက်ကြီးကျည်း ရုတ်တရက် ပေါက်ကွဲပြီး ကလေးငယ် (၂)ဦး ပွဲချင်းပြီး သေဆုံးကာ (၈) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းပေါ် ဝမ်းနည်းကြေကွဲဖွယ်ရာ စစ်၏ အနိဌာရုံ တစ်ခုပင်ဖြစ်ပါ သည်။

၂။ ဖြစ်စဉ်မှာ “အခုပေါက်ကွဲမှုဖြစ်တဲ့နေရာမှာ ကလေးတွေ ဆော့ကစားနေကျနေရာပါဘဲ။ တခါမှ မဖြစ်ဖူး ဘူး။ ဒီနေ့မှ အဲရွာက ကားတာယာခွံထားတဲ့အနီးမှာ အချင်းချင်း ဘောလုံး ဆော့ကစားရင်းနဲ့ အဲပေါက်ကွဲမှု ဖြစ်ပွားကြတယ်။ ဒါနဲ့ ပေါက်ကွဲသံကြားတော့ ကျနော်တို့ ထွက်ကြည့်တာ ကလေး(၂)ယောက်က သွေးတွေ နဲ့ လဲသေနေတာတွေ့ပြီး ကျန်တဲ့ကလေးတွေက ဒဏ်ရာရတယ်။ ပေါက်ကွဲတဲ့လက်နက်အစအနတွေက ဓားရိုးအရွယ်လောက်ရှိတယ်။ ကျနော်လည်း ဘာလက်နက်အမျိုးအစားလည်း ဆိုတာတော့ ကောင်း ကောင်းမသိဘူး။ စစ်လက်နက်ကျန် ပစ္စည်းတခုခု ဖြစ်တယ်လို့ ယူဆနိုင်ပါတယ်”ဟု မျက်မြင်ရွာသားတစ် ဦးက ပြောပါသည်။

၃။ လက်နက်ကြီး ပစ်ခတ်ခြင်း၊ မပေါက်ကွဲသေးသည့် လက်နက်ကြီးကျဉ်းများ ရှိနေခြင်း၊ စစ်ကျန် လက်နက် ပစ္စည်းရှနေခြင်း၊ မိုင်းပေါက်ကွဲခြင်းကြောင့် မိဘပြည်သူ အသက်ပေါင်းများစွာ ဆုံးရှုံးနေရသည့်အပြင် ကိုယ် လက်အင်္ဂါများ ဆုံးရှုံးနေရပါသည်။ UNICEF၏ စစ်တမ်းအရ သော်လည်းကောင်း၊ မိမိတို့ ကောက်ခံရရှိ သော အချက်အလက်အရသော်လည်းကောင်း မြန်မာတနိုင်ငံလုံး ဇန်နဝါရီလ ၂၀၁၈ – မတ်လ ၂၀၁၉ခုနှစ် အထိ လက်နက်ကြီး ပစ်ခတ်မှု/ပေါက်ကွဲမှု၊ မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသူ (၆၅)ဦး၊ ထိခိုက်ဒဏ်ရာရရှိ သူ(၂၆၇)ဦးရှိပြီး၊ ၎င်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း သေဆုံးသူ (၃၀)ဦးနှင့် ထိခိုက်ဒဏ်ရာ ရရှိသူ (၁၁၂)ဦး ပါဝင်သည်။

၄။ သို့ဖြစ်ပါ၍ လူသားချင်းစာနာထောက်ထားမှုကို အလေးအနက်ထားကာ စစ်ပွဲနှင့်စပ်ဆိုင်းသော အပြည် ပြည်ဆိုင်ရာစာချုပ်များတွင် ပါရှိသည့် စစ်ကျင့်ဝတ်များ လေးစားလိုက်နာပြီး အပြစ်မဲ့ မိဘပြည်သူတို့၏ အသက်အိုးအိမ်ကို ထိခိုက်ပျက်စီးမှု မရှိစေရန်အတွက် လူထုလုပ်ကိုင်စားသောက်သည့်နေရာ၊ လူအများ သွားလာသည့်နေရာများတွင် လက်နက်ကြီးပစ်ခတ်ခြင်း၊ မိုင်းထောင်ခြင်းများ မပြုလုပ်ကြပါရန် သဘော ထားထုတ်ပြန် တောင်းဆိုအပ်ပါသည်။

လေးစားစွာဖြင့်
တအာင်းအရပ်ဖက်အဖွဲ့အစည်းများ
၂၀၁၉ခုနှစ်၊ ဧပြီလ၊ ၂၈ရက်နေ့

ဆက်သွယ်ရန်

(၁) ဝ၉ – ၂၅၇၇၂၆၇၁၃
(၂) ဝ၉ – ၂၆၄၁၆၂၂၂၉