မြန်မာတပ်မ​တော်မှ ​​တအာင်းပရဟိတပညာရေး ဘော်ဒါဆောင် TEC ကျောင်းကို ဝင်ရောက်စစ်​ဆေး

ရှမ်းပြည်နယ်​မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တအာင်းပရဟိတပညာရေး
​ဘော်ဒါ​ဆောင် TEC ကျောင်းကို မြန်မာ့တပ်မ​တော် တပ်မ (၉၉)မှ ၂၄ ရက် ည​နေပိုင်း ၄နာရီခွဲအချိန်တွင် ပါဂျက်ရို ကားနှင့်​ရောက်လာပြီး ​ဘော်ဒါ​ဆောင်အတွင်း ဝင်​ရောက်​မွှေ​နှောက်ကာ ​တာဝန်ကျ​ကျောင်းဆရာနှစ်ဦးကို ထိန်းသိမ်းစစ်​ဆေး​​မေးမြန်း​ နေသည်ဟု သိရသည်။

​ဘော်ဒါ​ဆောင်တွင် တာဝန်ရှိ​ကျောင်းဆရာ တစ်ဦး​ပြောပြချက်အရ“ ​ကျောင်းဆရာနှစ်​ယောက်က ​ဘော်ဒါ​ဆောင်ပြန်ကြည့်တဲ့အချိန် ဗမာစစ်သား​တွေက အ​ေ​ဆာင်ထဲမှာ ပစ္စည်း​တွေ ​မွှေ​နှောက်​နေတယ်၊ သူတို့နှစ်​ယောက်​ရောက်လာ​တော့ သူတို့နှစ်​ယောက်ကို ထိန်းချုပ်ပြီး စစ်ဆေးမေးမြန်းတယ်၊ ဖမ်းခံရတဲ့ ဆရာတစ်ယောက်က ကျ​နော်ဆီ ဖုန်းဆက်ပြီး ဖမ်းခံရတဲ့ အကြောင်းပြောပြတယ်” ဟုပြောသည်။

စစ်ဆေးမေးမြန်းခံရသည့် ကျောင်းဆရာနှစ်ဦးကို တအာင်းစာ​ပေယဉ်​ကျေးမူ ဥက္ကဌ နှင့် ဂရုဏာလူမူကူညီ​ရေးအသင်းအဖွဲ့တို့ သွားရောက် ထောက်ခံပေးပြီးနောက် ပြန်လွှတ်ပေးခဲ့သည်။

“ဘာပစ္စည်း​တွေ ပျောက်သွားလဲ ဆိုတာ သေချာ မသိရသေးဘူး၊ ​ပစ္စည်း​တွေလဲ ပြန်မစစ်​နိုင်​သေးဘူး၊ တိုက်ပွဲကလည်း ​နေ့တိုင်းဆက်တိုက်ဖြစ်​နေ​တော့ ကျ​နော်တို့ ဘာ်ဒါ​ဆောင်က မလုံခြုံတဲ့အတွက်​ကြောင့် ကွတ်ခိုင်မြို့တစ်​နေရာမှာ ခိုလှုံ​နေရတယ် ”​ကျောင်းဆရာမှ ဆက်ပြောသည်။

မြန်မာ့တပ်မတော်မှ ကျောင်းဆရာ နှစ်ဦးအား TNLA အဖွဲ့မှ လက်နက် ပစ္စည်းဖွက်ထားသည့် သတင်းကြားရသည့်အတွက် လာရောက် မွှေနှောက်ပြီး စစ်ဆေးမေးမြန်းရကြောင်း ဖြစ်သည်ဟု ပြောသည်။

တအာင်းပရဟိတပညာရေးဘော်ဒါဆောင် TEC ကျောင်းတွင် စစ်ဆေးမွှေနှောက်ပြီးနောက် မည်သည့် လက်နက်ပစ္စည်းများမှ မတွေ့ရသည့်အတွက် ပြန်လည် ထွက်ခွာသွားခဲ့သည်။

ကွတ်ခိုင်မြို့ရှိ TEC ဘော်ဒါဆောင်သည် တအာင်းကျောင်းသားနှင့် လူငယ်များ TSYUမှ ဦးစီးဖွင့်လှစ်သည့် ပညာရေးကျောင်းဖြစ်သည်။