ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တကျော့ပြန် တိုက်ပွဲပြင်းထန်လာခြင်းအပေါ် သဘောထားထုတ်ပြန်ချက်

၁။ သြဂုတ်လ ၁၅ ရက်နေ့တွင် မြောက်ပိုင်းမဟာမိတ် (၃)ဖွဲ့ဖြစ်သည့် MNDAA, TNLA, AA တို့မှ ပြင်ဦး လွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်-DSTA အပါအဝင် နေရာ ၅ နေရာကို စတင်တိုက်ခိုက် ပြီးနောက် ကျောက်မဲ၊ လားရှိုး၊ သီန္နီ၊ ကွတ်ခိုင်၊ မူဆယ်နှင့် ကွမ်းလုံ စသည့် လမ်းတစ်လျှောက်တွင် မြန်မာ့ တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့တို့မှ အပစ်ရပ်ကာလမကုန်ဆုံးမီ ယနေ့ထိ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေခြင်းသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ထိခိုက်မည်ကို မိမိတို့ တအာင်းအရပ်ဖက်အဖွဲ့အစည်းများမှ အထူးပင် စိုးရိမ်ရပါသည်။

၂။ သြဂုတ်လ ၁၅ ရက်မှ ၂၀ ရက်နေ့အထိ မြန်မာ့တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ကြား တိုက်ပွဲ ဖြစ်ပွားခြင်း ကြောင့် လမ်းတံတားများ ပျက်ဆီးခြင်း၊ လူထုထိခိုက်ဒဏ်ရာရရှိခြင်းနှင့် သေဆုံးခြင်း၊ ခရီးသည် နှင့်ကုန်တင်ယာဉ်များ ပိတ်မိခြင်းနှင့် မိဘပြည်သူတို့၏ အသက်အိုးအိမ် ထိခိုက်ပျက်စီးမှုများစွာ ရှိနေခြင်း ကြောင့် စိတ်မကောင်းစွာဖြစ်ရပြီး နှစ်ဖက်တိုက်ပွဲ အမြန်ဆုံးရပ်တန့်ပေးပါရန် တောင်း ဆိုအပ်ပါသည်။

၃။ ထို့အပြင် မိဘပြည်သူ၏ အသက်အိုးအိမ် လုံခြုံရေး စိုးရိမ်နေရသောကြောင့် လက်ရှိ စာရင်းကောက် ထားချက်အရ စစ်ဘေးရှောင်ဒုက္ခသည်စာရင်း စုစုပေါင်း (၄၈၆၂)ဦး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေ ရပြီး၊ အရေးပေါ်ကူညီမှု လိုအပ်နေပါသဖြင့် NLD အစိုးရ၊ အရပ်ဖက်အ ဖွဲ့အစည်းများ၊ INGOs/NGOs အဖွဲ့အစည်းများ ကူညီပေး ကြပါရန် နှင့် လွယ်ကူစွာ ကူညီထောက်ပံ့မှု ပေးနိုင်သော လမ်းကြောင်းကို သက်ဆိုင်ရာအဖွဲ့အစည်းတို့မှ အကူအညီ ပေးရန် အလေးအနက် တိုက်တွန်း နှိုးဆော်အပ်ပါသည်။

၄။ လက်ရှိတိုက်ပွဲနှင့် ပတ်သက်ပြီး မဟုတ်မမှန်သတင်းများ၊ အမုန်းပွားစေသည့် စကားများ (Hate Speech)၊ အတုအယောင်သတင်းများကို လူမှုကွန်ယက် (Social Media) တွင် ပြန့်နှံ့နေခြင်းသည် ငြိမ်းချမ်းရေးကို ထိခိုက်ပျက်ပြားအောင် တမင်ရည်ရွယ် တိုက်ခိုက်နေခြင်းသာ ဖြစ်ပြီး ယုံကြည်ရသည့် သတင်း အရင်းအမြစ်မှတပါး ချင့်ချိန်သုံးသပ်ပြီးမှသာ ယုံကြည်သင့်ပါကြောင်း မေတ္တာရပ်ခံ တိုက်တွန်း အပ်ပါသည်။

၅။ သို့ဖြစ်ပါ၍ တိုက်ပွဲဖြစ်ပွားနေခြင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်ကို ဦးတည်တိုက်ခိုက်ခြင်းတို့မှ ရပ်တန့်ပြီး နိုင်ငံရေး ပြဿနာကို စစ်ရေးဖြင့် ဖြေရှင်းခြင်းမပြုဘဲ တွေ့ဆုံဆွေးနွေးအဖြေရှာသည့် လမ်းကြောင်း ကိုသာ ယုံကြည်အကောင်အထည်ဖော်ပေးကြပါရန် နှင့် ထို့သို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည် ဖော်ဆောင်ရာတွင် ငြိမ်းချမ်းရေးကော်မရှင် (PC)၊ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟို ဌာန (NRPC) တို့မှ လက်တွေ့ကျပြီး အမြန်ဆုံး တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို ဖော်ဆောင်ပေးပါရန် တိုက်တွန်းရင်း မိမိတို့၏ သဘောထားကို ထုတ်ပြန်အပ်ပါသည်။

တအာင်းအရပ်ဖက်အဖွဲ့အစည်းများ
ဆက်သွယ်ရန်
(၁) ဝ၉ ၇၉၁၅၃၀၄၅၁
(၂) ဝ၉၂၆၄၁၆၂၂၂၉