နမ္မတူအမျိုးသမီးငယ်ကို မီးရှို့သတ်သူအား ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထား
နမ္မတူမြို့နယ် ပန်ကွဲကျေးရွာနေ အသက်(၁၅)နှစ်ခန့် အမျိုးသမီးငယ်ကို ရည်းစားဖြစ်သူမှ ညှင်းပမ်းနှိပ်စက်ကာ မီးရှို့သတ်ခဲ့ကြောင်း နယ်မြေရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားစဉ် ဝန်ခံခဲ့ကြောင်း သိရသည်။
၂၉ရက်နေ့ ည(၈) နာရီခန့်အချိန်တွင် လွေးထွေးငယ်ကို ရည်စားဖြစ်သူ မောင်စိုးမင်းပိုင် ခေါ်ရာနောက်သို့လိုက်သွားရာမှ အသတ်ခံရခြင်းဖြစ်သည်။
နမ္မတူမြို့နယ် စာပေယဉ်ကျေးမှု ဥက္ကဌဖြစ်သူ ဦးအောင်မြင့် ပြောပြချက်အရ“ ၂ရက်နေ့မှာ နားဆိုင်းရွာက သားငယ်ကို ရဲတွေက ဖမ်းတယ်၊ သားငယ်က သူမဟုတ်ကြောင်း၊ သူညီ စိုးမင်းပိုင်နဲ့ ပတ်သက်ဆက်နွယ်မှု ရှိကြောင်း၊ ထိုညတွင် မောင်းစိုးမင်းပိုင်က အိမ်ကနေ ည (၆) နာရီအချိန်တွင် ကားနဲ့ ထွက်သွားတာမှန်ကန်ကြောင်းကို ရဲစခန်းတွင် ထွက်ဆိုရာမှ ၃ရက်နေ မောင်စိုးမင်းပိုင်ကို ဖမ်းဆီး စစ်ဆေးမေးမြန်းရာမှ သူလုပ်တာ မှန်ကန်ကြောင်းကို ရဲစခန်းတွင် ထွက်ဆိုထားသည်” ဟု ပြောသည်။
မောင်စိုးမင်းပိုင် ကျူးလွန်ခဲ့ကြောင်းကို ရုပ်ပြ မှတ်တမ်းဗွီဒီယိုကို နမ္မတူမြို့နယ် လူမှုအဖွဲ့အစည်းနှင့် တအာင်းစာပေယဉ်ကျေးမှု အဖွဲ့တို့ သွားရောက်ယူဆောင်ခဲ့သည်ဟု ထပ်မံသိရသည်။
မောင်စိုးမင်းပိုင်သည် နားဆိုင်းကျေးရွာအုပ်ချုပ်ရေးမှုး ဦးဝင်းမောင်၏ သားဖြစ်သည်။ ဦးဝင်းမောင်သည် နမ္မတူမြို့နယ်ကိုယ်စား လှယ်လောင်းတစ်ဦးဖြစ်ပြီး လာမည့်၂၀၂၀ရွေးကောက်ပွဲ တွင်ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ထပ်မံသိရပါသည်။