တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ စစ်ဘေးရှောင်များအား ကူညီပေးခြင်း

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နှင့် SSPP၊ TNLA တပ်ပေါင်းစုတို့အကြား တိုက်ပွဲပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ကျောက်မဲ၊ နမ္မတူ၊ ကွတ်ခိုင် စစ်ဘေးဒုက္ခသည်များကို တအာင်းအမျိုးသမီး အဖွဲ့အစည်းမှ လိုအပ်သည့် ဆန်၊ ဆီ၊ စားသောက်ကုန်၊ အမျိုးသမီး၊ ကလေး အသုံးအဆောင်ပစ္စည်းများနှင့် ငွေကြေးများ ကူညီပေးခဲ့သည်။

၂၀၂၁ ခုနှစ်အတွင်း ကူညီပေးနိုင်ခဲ့သည့် မြို့နယ်နှင့် ကျေးရွာများမှာ –

၁) ကွတ်ခိုင်မြို့နယ် လွယ်ကန်ကျေးရွာ အိမ်ခြေ (၅၃) အိမ်၂) နမ္မတူမြို့နယ် ရေအိုးကျေးရွာ ပထမကြိမ် အိမ်ခြေ (၅) အိမ် နှင့် ဒုတိယကြိမ် အိမ်ခြေ (၂၂) အိမ်

၃) နမ္မတူမြို့နယ် မန်လီကျေးရွာ အိမ်ခြေ (၅၄) အိမ် နှင့် ဒုတိယကြိမ် အိမ်ခြေ (၅၄) အိမ်

၄) နမ္မတူမြို့နယ် မန်ဆာကျေးရွာ အိမ်ခြေ (၁၃) အိမ် နှင့် ဒုတိယကြိမ် အိမ်ခြေ (၁၃) အိမ်

၅) နမ္မတူမြို့နယ် မန်ကျန်းကျေးရွာ အိမ်ခြေ (၅၅) အိမ် နှင့် ဒုတိယကြိမ် အိမ်ခြေ (၅၅) အိမ်

၆) ကျောက်မဲမြို့နယ် ကုန်းသာကျေးရွာ လူဦးရေ (၁၆၇) ဦး

၇) ကျောက်မဲမြို့နယ် မန်ဆန်ကျေးရွာ လူဦးရေ (၉၁) ဦး

၈) ကျောက်မဲမြို့နယ် တောင်ပလို့ကျေးရွာ လူဦးရေ (၁၂၅)

၉) ကျောက်မဲမြို့နယ် ပန်ကွမ်ကျေးရွာ လူဦးရေ (၂၀၆)

၎င်းစစ်ဘေးရှောင်ဒုက္ခသည်များအနက် ကျေောက်မဲမြို့နယ်တွင် အသစ်ရောက်ရှိနေသော စစ်ဘေးရှောင်များသည် ယခုချိန်ထိ နေရပ်သို့ ပြန်သွားနိုင်ခြင်းမရှိသေးပါ။ နမ္မတူမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များသည် နေရပ်သို့ ပြန်သွားနိုင်သော်လည်း စား၀တ် နေရေးအကြပ်အတည်းနှင့် အခြားအခက်အခဲများစွာ ကြုံတွေ့နေရဆဲဖြစ်သည်။