နမ့်ဖတ်ကာ တိုက်ပွဲရှောင်နေသူ အသက်၇၀နှစ်အရွယ် အဖိုးတစ်ဦး ဆေးကုသမှု စာရိတ်အရေးပေါ် အကူအညီလိုအပ်နေ
ရှမ်း/မြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နဲ့ ကချင်တပ်မတော်တို့ အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းကြောင့် နမ့်ဖတ်ကာဒေသခံ အမျာအပြား နီးစပ်ရာသို့ ထွက်ပြေးခဲ့ ရသည်။
အဆိုပါ စစ်ပွဲရှောင် ဒေသခံ တွေထဲမှာ လွယ်တော်လယ်ကွင်းရောက် နမ့်ဖတ်ကာ ရပ်ကွက် ၄ တွင် နေထိုင်သည့် အသက် ၇၀ အရွယ်ရှိ အဖိုး တာဆမ်းထွမ်းဟာ ဘေးလွတ်ရာ စစ်ပွဲရှောင်စဥ် မြေခိုကတုတ်ကျင်း တွင် ပုန်းခိုနေတဲ့အချိန်မှာ မြေကြီးရဲ့အအေးဒဏ်ကြောင့် ခြေထောက်၏ အရိုးအဆစ်များနာကျင်ကိုက်ခဲ လာသဖြင့် ကျန်းမာရေးဆရာမကို ဆေးလာထိုးခိုင်းပြီးနောက်မှာ ခြေထောင်က ရောင်ရာမှ ယခုကဲ့သို့ ပြည်အနာဖြစ်တဲ့အထိ ပိုဆိုးလာခဲ့သည်။
၄င်းပြည်အနာဖြစ်နေသော ခြေထောက်ကို ဆေးကုသမှု ခံယူရန်အတွက် ဆေးဖိုးအခက်အခဲ ဖြစ်နေသည့်အပြင် ဆေးခန်၊ဆေးရုံသို သွားရောက်ပြသရန်အတွက်အကူအညီလိုအပ်နေသည်။
ထိုအပြင် မိသားစုဝင်များလဲ တိုက်ပွဲရှောင်နေရပြီးဘယ်လိုပုံစံနဲ့ ဘယ်မှာ ဆေးကုပေးရမည် မသိရှိခြင်းကြောင့် ဆေးမကုဘဲ ထားရာမှာ အဖိုးရဲ့ခြေထောက်က ပိုဆိုးလာသဖြင့် ဆေးကုသရန် အရေးပေါ် လိုအပ်နေပြီး တအာင်းအမျိုးသမီးအဖွဲ့အစည်း-TWO မှတဆင့်လဲ ဆက်သွယ်အကူအညီပေးနိုင်ပါသည်။
ဓါတ်ပုံ-TWO