မပေါက်ကွဲသေးတဲ့ စစ်လက်နက်ကြွင်းကျန်ယူဆော့ရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေးငယ် ၃ ဦး သေဆုံးခဲ့

Ta’ang Women’s Organization

ယနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်အချိန်တွင် ရှမ်း/မြောက် တအာင်းဒေသ နမ့်ဆန်မြို့နယ် ဇယန်းကြီးကျေးရွာ ပန်းပဲတန်း၊ ရပ်ကွက်(၇)တွင် နေထိုင်သည့် ကလေးငယ်သုံးဦးသည် မပေါက်ကွဲသေးတဲ့ လက်နက်ကြီးယူဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံးမှုဖြစ်ပွားခဲ့သည်ဟု သတင်းသိရှိရပါသည်။

ဇယန်းကြီးကျေးရွာ အမျိုးသားတစ်ဦးက “ ကလေးလေးတွေက ရွာအောက်ဘက်မှာ ဆော့နေကြတာ၊ မပေါက်ကွဲသေးတဲ့မိုင်း ယူဆော့တာ ဖြစ်နိုင်တယ် ပေါက်သွားတဲ့ မိုင်းအစအနကို မတွေ့ရသေးဘူး ကလေးသုံးယောက်လုံးက အတူတူထိုင်ဆော့နေတာ ပေါက်ကွဲသွားတော့ ၂ ယောက်က ဆုံးသွားတယ်၊ တစ်ယောက်က အသက်ရှင်သေးတယ် ဆေးရုံခေါ်သွားမယ်လုပ်တော့ ဆုံးသွားတယ်” သည်ဟု ပြောဆိုပါသည်။

မိုင်းဆော့ကစားရင်း သေဆုံးသွားသည့် ကလေးငယ်များသည် အသက်(၉)နှစ်အရွယ် မိုင်းအစော၊ အသက်(၆) နှစ်အရွယ် အခြိူဝ်း နှင့် အသက် (၈) နှစ်အရွယ် မိုင်းလှမင်းအောင်တို့ ၃ ဦး ဖြစ်ပါသည်။

အဆိုပါ မိုင်းအမျိုးအစားသည် တိုက်ပွဲကာလအတွင်း လက်နက်ကြွင်းကျန်ခဲ့သည့်ပစ္စည်း နှင့် မြေမြှုပ်မိုင်းဖြစ်သည်ကို မသိရှိနိုင်သေးဘူးဟု ၎င်းအမျိုးသားက ပြောဆိုခဲ့သည်။

Photo – Local

#Landmine

#စစ်လက်နက်ကြွင်းကျန်

#ကလေးငယ်

#သေဆုံး

#တအာင်းဒေသ

#နမ့်ဆန်မြို့

#ရှမ်းမြောက်