နမ္မတူ မန်လီရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခြင်းကြောင့် ရွာခံတွေ တိမ်းရှောင်နေရ
ရှမ်းမြောက် တအာင်းတပ်မတော် သိမ်းပိုက်ထားသည့် နမ္မတူ မြို့နယ် မန်လီကျေးရွာတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲမှ လက်နက်ကြီး ပစ်ခတ်လာခြင်းကြောင့် ကျေးရွာခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံထံမှတစ်ဆင့် သိရှိရပါသည်။
အကြမ်းဖက်စစ်ကောင်စီသည် ဇွန်လ ၂၆ ရက် နေ့လည် ၃ နာရီဝန်ကျင်မှစပြီး ည ၉ နာရီကျော်အထိ မန်လီကျေးရွာဘက်ကို ဦးတည်ပြီး သီပေါမြို့ဘက်ရှိ တပ်စခန်းမှတစ်ဆင့် လက်နက်ကြီး (၁၀) လုံးနီးပါး ပစ်ခတ်လာခြင်းကြောင့် ဒေသခံများမှ နီးစပ်တဲ့ဒေသတွေမှာ ထွက်ပြေးတိမ်းရှောင်နေရပါသည်။
မန်လီရွာခံတစ်ဦးမှ ညနေ ၃ နာရီ ကနေ ၁၀ နာရီနီးပါးထိပဲ ဆက်တိုက်ပစ်လာတယ်။ တော်သေးတယ်။ ရွာအပြင်ဘက်တွေကျလို့ ထိခိုက်မှု မရှိဘူး၊ လက်နက်ကပေါက်ကွဲတဲ့ပုံစံထူးဆန်းတယ်။ တိုက်ပွဲ တော့မဖြစ်ဘူး။ ထိခိုက်မှာကြောက်လို့ နီးစပ်တဲ့နေရာမှာ ရှောင်ကြတယ်၊ အိမ်စောင့်လောက်ပဲ ကျန်ခဲ့တာ”ဟု ဆိုပါသည်။
ထိုနည်းတူစွာ ပန်လုံကျေးရွာတွင်ရှိသော မျိုးဆက်သစ်ပရဟိတဘော်ဒါဆောင်တွင် ကျောင်းတက်နေကြသည့် ကျောင်းသူ၊ ကျောင်းသားများလည်းနီးစပ်သည့် ကျေးရွာတွေမှာ တိမ်းရှောင်နေကြရကြောင်း ထပ်မံသိရပါသည်။
ဖြစ်စဥ်သိရှိသူဒေသခံတစ်ဦးမှ “လက်နက်ကြီး တွေဆက်တိုက်ပစ်နေတော့ ကလေးတွေအတွက် စိုးရိမ်လို့ တခြားနေရာမှာ ရှောင်နေလိုက်တယ်။ လေယာဥ်တွေလည်း ခနခနလာဝဲနေတာရှိတယ်ဆိုတော့ လူအများနဲ့ဆို ပိုစိုးရိမ်တယ်”ဟု ပြောသည်။
မန်လီကျေးရွာသည် လက်ရှိ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သီပေါမြို့နှင့် တအာင်းတပ်မတော် ထိန်ချုပ်ထားသော နမ္မတူ မြို့တို့အကြားတွင် ရှိနေပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၉ ရက် ညနေ ၃ နာရီ ခွဲ ဝန်းကျင်တွင် အကြမ်းဖက်စစ်တပ်မှ တိုက်ပွဲမရှိဘဲ ရည်ရွယ်ချက်ရှိရှိဖြင့် ရှမ်းမြောက် နမ္မတူမြို့နယ် ချောင်းဆာအုပ်စု မန်လီကျေးရွာ ဘုန်းကြီးကျောင်းကို ဂျက်လေယာဥ်ဖြင့် လာရောက် ဗုံးကြဲရာမှ ပျက်စီးခဲ့ရသည့်အပြင် မန်လီရွာတွင် တာဝန်ထမ်းဆောင်နေသော TLEC ကျောင်းဆရာမတစ်ဦးကို ထိမှန်သေဆုံးခဲ့သည်။
ဓါတ်ပုံ – အရင်က ထိခိုက်မှုပုံဟောင်း
#တအာင်းအမျိုးသမီးအဖွဲ့အစည်း
#ဒေသခံ #တိုက်ပွဲရှောင် #မန်လီ #နမ္မတူ #စကစ #လက်နက်ကြီး