မိုးကုတ်တိုက်ပွဲအတွင်း အရပ်သားသေဆုံးမှု ၁၃ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ (၁၈) ဦးရှိခဲ့ပြီး နေအိမ် ၂၁ လုံး အထိခိုက်ပျက်စီးခဲ့
မိုးကုတ်မြို့အနောက်ပိုင်းတွင် လွန်ခဲ့သည့် ဇွန်လ ၂၅ ရက်နေ့ကစတင်ပြီး တအာင်းတပ်မတော် (TNLA)၊ ပူးပေါင်တပ်နှင့် အကြမ်းဖက်စစ်ကောင်စီတို့အကြားမှာ စတင်တိုက်ပွဲဖြစ်ပွားခဲ့သည်။
ဇွန်လ ၂၅ ရက်နေ့မှ စတင်ပြီးဖြစ်ပွားခဲ့တိုက်ပွဲကြောင့် အကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကြီးနှင့် လေယာဉ် ဗုံးကြဲမှုများကြောင့် ယနေ့အချိန်ထိ သံဃာတော် တစ်ပါးအပါအဝင် အရပ်သားသေဆုံးသူ (၁၃)ဦး၊ ထိခိုက်ဒဏ်ရာရသူ (၁၈)ဦး နှင့် အရပ်သားနေအိမ် (၂၁) အိမ် ပျက်စီးမှုရှိခဲ့သည်ဟု ဒေသခံများထံမှရရှိသော သတင်းအချက်အလက်များကို မှတ်တမ်းတင်ပြုစုထားပါသည်။
အရပ်သားပြည်သူသေဆုံးမှုစရင်းမှာ ဇွန်လ ၂၅ ရက်နေ့တွင် ဒေသခံ ၂ဦးသေဆုံးခဲ့ပြီး ၂၆ ရက်နေ့တွင် ကသဲရပ်ကွက် သူဌေးကုန်းမှ ညီအစ်ကို အမျိုးသား ၂ ဦးသေဆုံးခဲ့သည်။
ဇွန်လ ၂၇ ရက်နေ့တွင် ကသဲရပ်ကွက်မှ အမျိုးသမီး ၁ ဦးနှင့် လူးထရပ်ကွက်မှ အဖွားအို ၁ ဦး၊ အရှေ့ပိုင်းဥယျာဉ်ကျောင်းတိုက်မှ ကိုရင်လေး ၁ ပါးလည်း ပျံလွန်တော်မူခဲ့ရသည်။
ဇွန်လ ၂၈ ရက်နေ့မှာ အောင်သုခရပ်ကွက်မှ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး ၂၉ ရက်နေ့တွင် မိုးကုတ်အရှေ့ပိုင်း မင်းတံတားရပ်ကွက်မှ လူငယ် ၁ ဦးတို့မှာ သေဆုံးခဲ့ရသည့်အပြင် အနောက်ပိုင်းကျပ်ပြင်ရပ်ကွက်၌ နေအိမ်ဘေးတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် အသက်(၉၀) အရွယ် ဦးဖေတင်မှ ထိတ်လန့်ကာ သေဆုံးခဲ့ရပြီး အလားတူ ဇွန်လ ၃၀ ရက်နေ့ ရန်ကြီးအောင်ရပ်ကွက်မှ ရပ်ကွက်နေ ပြည်သူ (၃) ဦးလည်း လက်နက်ကြီးများကြောင့် သေဆုံးခဲ့ရသည်။
ထိခိုက်ဒဏ်ရာရရှိမှုစရင်းအရ ဇွန်လ ၂၇ ရက်နေ့ အရှေ့ပိုင်း အောင်ချမ်းသာရပ်ကွက်မှ အဖွား ၁ ဦး နှင့် ပြည်သူ ၂ ဦး အနည်းငယ်ဒဏ်ရာရပြီး အရှေ့ပိုင်းဥယျာဥ်ကျောင်းတိုက်မှ ကိုရင် ၅ ပါး ထိခိုက်ဒဏ်ရာရခဲ့သည်။
ထို့အပြင် ကျောင်းဆောင်တောင်ခြေ မိသားစုဝင် ၄ ဦးသည် ဇွန်လ ၂၆ ရက်နေ့ ညအချိန်တွင် ကသဲ သူဋ္ဌေးကုန်းမှ အမျိုးသား ၁ ဦး ၊ ဇွန်လ ၃၀ ရက်နေ့တွင် အနောက်ပိုင်း ပန်းမအထက်ကျေးရွာအနား မိသားစုဝင် ၃ ဦးတို့သည်လည်း လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ပြီးခဲ့သော ဇွန်လ ၃၀ ရက်နေ့ မနက်ပိုင်းတွင် မိုးကုတ်အရှေ့ပိုင်းမြို့ခံဖြစ်တဲ့ အမျိုးသမီး ၁ ဦး နှင့် အမျိုးသား ၁ ဦးတို့သည် မိုးကုတ်အရှေ့ပိုင်းမှ မန္တလေးဘက်သို့ စစ်ရှောင်သွားသည့်အချိန် ဇရပ်ကွင်းမှာ သေနတ်ကျည်ထိမှန်ခဲ့ပြီး စုစုပေါင်း (၁၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
တိုက်ပွဲအတွင်း လက်နက်ကြီးများကြောင့် နေအိမ်ထိခိုက်ပျက်စီးမှုများမှာ ကျပ်ပြင်ရွာမ ၂ အိမ်၊ အောင်သုခ ၁ အိမ်၊ ကျပ်ပြင်တောင်ပေါ်ကုန်းမှ ၁ အိမ်၊ ကျပ်ပြင်နာရီစင်အနီး ၁ အိမ်၊ ကသဲ ၂ အိမ်၊ ကျပ်ပြင်မြို့မမှ ၁ အိမ်ပျက်စီးကာ ၁ အိမ်မီးလောင်၊ ကျပ်ပြင်သိန်းသန်းအနီး ၁ အိမ် တို့ဖြစ်ပြီး ထပ်တိုးစရင်းအရ လူးထရပ်ကွက် မိတ်ဆုံလက်ဖက်ရည်ဆိုင်အနီး ၃ အိမ်၊ မိုးကုတ်အရှေ့ပိုင်း အောင်ချမ်းသာရပ်ကွက် ၁ အိမ်၊ ရှမ်းတောဥယျာဥ်ကျောင်း ၊ ကျပ်ပြင် ပျဥ်ထောင်အိမ် ၁ အိမ် ၊ ကိုလန်ကျေးရွာ ၂ အိမ် စုစုပေါင်း ၁၈ အိမ် ထိခိုက်မှုအနက် ၃ အိမ်မှာ မီးလောင်ပြာကျခဲ့သည်။
ဓါတ်ပုံ – ဒေသခံများ
#တအာင်းအမျိုးသမီးအဖွဲ့အစည်း
#မိုးကုတ်အနောက်ပိုင်း #ထိခိုက်ဒဏ်ရာရ #ထိခိုက်သေဆုံးမှု #နေအိမ်ပျက်ဆီး #ရှမ်းမြောက်တိုက်ပွဲ