သိန္နီမြို့ကို အကြမ်းဖက်စစ်ကောင်စီမှ လေယာဉ်ဖြင့် ၃ ကြိမ်မြောက်ဗုံးကြဲ၊ အရပ်သား ၂၀ ဦးထက်မနည်း သေဆုံး

ယနေ့ ဇူလိုင်လ ၁၈ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်အချိန်ခန့်တွင် အကြမ်းဖက်စစ်ကောင်စီသည် ကိုးကန့်တပ်မတော်(MNDAA) ထိန်းချုပ်ထားသည့် သိန္နီမြို့ကို ဂျက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့ပြီး မြို့ခံ ၂၀ ဦးထက် မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူလည်း ရှိသည်ဟု သိရသည်။

အဆိုပါ ဒဏ်ရာရရှိသူများကို ကွတ်ခိုင်မြို့ဆေးရုံတွင် ပို့ဆောင်ပြီး ဆေးကုသနေကြောင်း ထပ်မံသိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့တွင် သိန္နီမြို့ရဲစခန်းအနီးတွင်လည်းကောင်း ၁၂ ရက်နေ့ ညသန်းခေါင်အချိန်တွင် သိန္နီမြို့  အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (၁) ကိုလည်းကောင်း ဂျက်ဖိုက်တာလေယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့ပြီး စာသင်ကျောင်းဆောင်အများအပြားထိမှန်ပျက်စီးခဲ့ပြီး ဒေသခံတစ်ဦး ထိမှန်သေဆုံးခဲ့သည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့ ညသန်းခေါင်ယံ ၁၂ နာရီ မိနစ် ၄၀ခန့်တွင်လည်း တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့  လွယ်ဆမ်ဆစ်တောင်ခြေ နှင့် လွယ်ရွှဲတောင်ကြားရှိ နွားခြံတွင်  စကစမှ ဂျက်လေယာဉ်နှစ်စီးနှင့် ဗုံးကြဲခဲ့ရာ ကိုးကန့်တပ်မတော် (MNDAA) တပ်သား ၁ ဦး ဒဏ်ရာရပြီး ၁ ဦးသေဆုံးသွားသည့်အပြင် ခန့်မှန်းခြေ နွား(၆) ကောင်ရေခန့် သေဆုံးသွားသည်ဟု နီးစပ်ရာ ဒေသခံထံမှတစ်ဆင့် သိရပါသည်။

ဗီဒီယို – ဒေသခံ (၃ ကြိမ်မြောက်လေယာဉ်‌ဗုံးကြဲခဲ့သည့် ဗီဒီယို)

#တအာင်းအမျိုးသမီးအဖွဲ့အစည်း

#သိန္နီမြို့ #စကစ #ဂျက်ဖိုက်တာဗုံးကြဲ #လူထုသေဆုံးသူများ #ရှမ်းမြောက်တိုက်ပွဲ