ကွတ်ခိုင်မြို့မှာကြိုးမိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရှိသော ကလေး ၂ဦး ယနေ့အထိ ဆေးကုနေရ၊ ၂ဦးသေဆုံးခဲ့ 

ရှမ်း/မြောက်ပိုင်း တအာင်းတပ်မတော် ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့နယ် ဟိုနောင်ကျေးရွာအုပ်စု ဟိုဆိုင် ( နမ့်ဆိုင်) ကျေးရွာမှာ ဖေဖော်၀ါရီလ ၁ရက်နေ့ မနက် ၁၁နာရီအချိန်ခန့်တွင် ငါးဖမ်းနေကြသော ကလေးများ လက်လုပ်ကြိုးမိုင်း တိုက်မိရာမှာ ပေါက်ကွဲမှုကြောင့် အသက်မပြည့်သေးသည့် ကလေး ၂ ဦး သေဆုံးပြီး ၂ ဦးထိခိုက် ဒဏ်ရာရရှိခဲ့သည်။ 

“သူတို့တွေက ချောင်းမှာ ငါးသွားဖမ်းကြတာ ကုန်းအပေါ်မှာ ၂ ယောက်နေတယ် ရေထဲမှာ ၂ ယောက်နေတယ် ရေထဲမှာနေတဲ့ ၂ ယောက်က ငါးတွေကို ကောက်ပေးဖို့ပေါ့၊ အဲဒါနဲ့ပဲ မိုင်းကြိုးတိုက်မိသွားလို့ ပေါက်ကွဲလို့ ၂ ယောက်သေသွားတယ်။ ဒဏ်ရတဲ့ နှစ်ယောက်က လန့်ပြီး ငါတို့ကို ဘယ်သူပစ်လာတာလဲတဲ့၊ အဲလိုပြောပြီးအဲဒီနေရာကနေ ထွက်ပြေးသွားတယ် သူတို့ကိုယ်သူတို့ ဒဏ်ရာရတယ်ဆိုတာတောင်မသိကြဘူး”ဟု ကလေကို ပြုစုစောင့်ရှောက်ပေးသော ၄င်းတို့၏ အဒေါ် ​ဖြစ်သူမှ ပြောပြခဲ့ပါသည်။

လက်လုပ်ကြိုးမိုင်းစများ ထိရှဒဏ်ရာရရှိသည့် အသက် ၉နှစ်အရွယ် မိုင်းအညှို့လာသည်အရိုးပျော့ ရောဂါခံစား နေရသူဖြစ်ပြီး ညာဘက်လက်တွင် အရိုးကြေကာ အသားစများ ကြေမွထားသောကြောင့် လက်ရှိအချိန်ထိ နမ့်ခမ်းပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိနေပါသည်။ 

အဆိုပါ မိုင်းထိသည့် ကလေး ၄ ဦးတို့သည် မောင်နှမ တစ်ဝမ်းကွဲများတော်စပ်ကြပြီး အသက် ၁၀ နှစ်အရွယ်ရှိ မိုင်းညီထွန်းအောင်နှင့် မိုင်းအိုက်ညှို့လာတို့သည် မိဘနှစ်ပါဆုံးသွားပြီ ဖြစ်ပြီး ကျန်ရစ်ခဲ့သည့် ဆွေမျိုးများသာ ကျွေးမွေးစောင့်ရှောက်ထားရသည့် ကလေးများဖြစ်သည်။ 

မိုင်းအညှို့လာမှာ အခြားနည်းဖြင့် သန့်စွမ်းသူဖြစ်ကြောင်းနှင့် အရိုးပျော့ရောဂါ ခံစားနေရသူတစ်ဦး ဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။ 

ဒေသခံတစ်ဦးမှ “အဲနေရာတွေမှာ မိုင်းတွေမြှုပ်ထားတယ် မသွားဖို့ ကချင်တပ်တွေလည်း အရင်က ပြောထားတာရှိ တယ်၊ မိုင်းကဘယ်နေရာလဲဆိုတာ သေသေချာချာ တိတိကျကျ ပြောတာ မရှိဘူး၊ ရွာမှာ တာဝန်ရှိတဲ့သူတွေလည်း ဘာမှ ပြောတာမတွေ့ဘူး။ အဲဒီနေရာက သူများလယ်ကွက်ဆိုတော့ နေ့တိုင်းသွားလာတဲ့သူရှိတယ်၊ သူတို့တွေက ဘာမှမဖြစ်ကြဘူး၊၊ မိုင်းလည်း မတွေ့ကြဘူးလေ၊ အခုက‌ ကလေးတွေဆိုတော့ ပိုတောင်ဆိုးအုံးမယ်။ မိုင်းတွေ့ ခဲ့ရင်တောင်ဘာမှ မသိပဲ ယူဆော့ရင် ဆော့အုံးမှာ။ ဘယ်သူမိုင်းလဲ ဆိုတာကို သေချာမပြောပြတတ်ဘူး”ဟု ပြောပါသည်။

ထို့အပြင် မိုင်းကြောင့်သေဆုံးသွားသည့် မောင်နှမတော်စပ်သူ အသက် ၄ နှစ်အရွယ်ရှိ လွေးအေနွေနှင့် အသက် ၂ နှစ်အရွယ်ရှိ မိုင်းအိုက်ယုံတို့နှစ်ဦးတို့၏ မိဘနှစ်ပါးသည်လည်း အခြားနည်းဖြင့် သန့်စွမ်းသည့်သူဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။

၎င်းတို့ မိုင်းထိခိုက်သည့် နေရာသည် ဟိုဆိုင်ကျေးရွာနှင့် လွယ်မွမ်း(ကချင်)ရွာတို့ နှစ်ရွာကြားတွင် ဆက်သွယ်ထား သည့် ချောင်းဘေးဖြစ်ပြီး ထိုနေရာတွင် ကချင်တပ်မတော်မှ မြေမြှုပ်မိုင်းထောင်ထား​သည့်နေရာ ဖြစ်ကြောင်း ဒေသခံများထံ ထပ်မံ သိရှိရပါသည်၊၊

ပုံ- ဒေသခံ/TWO

#မြေမြှုပ်မိုင်း #ကွတ်ခိုင် #ကလေး #သေဆုံး #ဒဏ်ရာရ

#တအာင်းအမျိုးသမီးအဖွဲ့အစည်း