အကြမ်းဖက်စစ်ကောင်စီမှ ကလေးငယ်ကို မုဒိမ်းကျင့် သတ်ဖြတ်ခြင်း

တအာင်းတပ်မတော် (TNLA) နှင့် အကြမ်းဖက်စစ်ကောင်စီတို့အကြား တိုက်ပွဲဖြစ်ပွားနေသည့် ကျောက်မဲမြို့နယ် နားအိုက်ခန့်ကျေးရွာတွင် အသက်မပြည့်သေးသည့် မိန်းကလေးငယ် ၁ ဦးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သည်ဟု စုံစမ်းသိရှိရသည်။ 

ပြီးခဲ့သည့် စက်တင်လာ ၂၄ ရက်နေ့ ညနေပိုင်းတွင် သံဃာတော် ၁ ပါးအပါအဝင် တောင်ယာတဲတွင် စစ်ဘေးရှောင်နေသည့် မိသားစုဝင် သားအမိ ၃ ဦးကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ 

ကျေးရွာလုံးနီးပါး စစ်ရှောင်သွားပြီးဖြစ်သော နားအိုက်ခန့်ကျေးရွာသို့ ရောက်လာပြီး ကျေးရွာတွင် ကျန်းမာရေးမကောင်းသော ဆရာတော်အား ပြုစုရန်ကျန်ရစ်ခဲ့သူ သံဃာတော်တစ်ပါးကို ပစ်သတ်ခဲ့ပြီး တောင်ယာတဲတွင် တိမ်းရှောင်နေသော မိသားစုသုံးဦးတွင် မိခင်ဖြစ်သူနှင့် သားငယ်ကို နေရာတွင်ပစ်သတ်ကာ အသက်မပြည့်သေးသော သမီးဖြစ်သူမိန်းကလေးကို အဓမ္မကျင့်ကာ သတ်ဖြတ်ခဲ့သည်။ 

သတ်ခံရသည့် မိသားစုဝင် သားအမိ ၃ ဦးသည် အသက် ၄၈ နှစ် ဒေါ်လျန်း၊ သားဖြစ်သူ စိုင်းမောင် ၁၂ နှစ်ကို သတ်ဖြတ်ခဲ့ပြီး သမီးဖြစ်သူ နန်းသိန်းဆာ ၁၆ နှစ်အား အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့သည်။ 

အတည်ပြုချက်အရ အဆိုပါ မိသားစုဝင်များ သေဆုံးနေသည့် တဲထဲတွင် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ယူနီဖောင်း အဝတ်အစားများကို တွေ့ရှိခဲ့သည်ဟု Tai Student’ Union မှ ထုတ်ပြန်ထားသည်။