ကွတ်ခိုင်နယ်တွင် ကိုးကန့်တပ်မှ ပစ်ခတ်သည့် ဒရုန်းဗုံးကြောင့် ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်ထိခိုက်ပျက်စီးခဲ့
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် လွယ်ဆိုင်ကျေးရွာအတွင်းတွင် ကိုးကန့်တပ်မတော်-MNDAA ၏ ဒရုန်းဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ကျေးရွာဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းအပါအဝင် ဒေသခံ၏နေအိမ်များ ပျက်စီးသွားခဲ့ကြောင့် ဒေသခံထံအမျိုးသမီးတစ်ဦးထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် မတ်လ ၁၅ ရက် ညနေပိုင်းအချိန်တွင် လွယ်ဆိုင်ကျေးရွာအတွင်းကို MNDAA တပ်ဘက်မှ ပစ်ခတ်လာသည့် ဒရုန်းဗုံးကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
” ဘုန်းကြီးကျောင်းတော့ အကုန်ပျက်သွားတယ်။ သိမ်ကျောင်းနဲ့ ဆွမ်းစားဆောင်၊ ကျောင်းကြီးတွေပါတယ်၊ စာသင်ကျောင်းလည်း ဗုံးထိတယ် ပျက်တာရှိတယ်၊ ရွာထဲကအိမ်တွေ ထိတာ ၁၃ အိမ်လောက်ရှိမယ်၊ လုံးဝနေလို့မရတဲ့အိမ်က သုံးအိမ်ရှိမယ်၊ ကျန်တဲ့ ၁၀ အိမ်က ပြင်လို့ ရသေးတယ်” ဟု ဆိုပါသည်။

ထို့ဖြစ်စဥ်နည်းအတူ ပြီးခဲ့သည့် ၁၅ ရက် နံနက်ပိုင်းတွင် ရွှေကမ္ဘာအေးဘုန်းကြီးကျောင်းလည်း ဒရုန်းဗုံးစထိမှန်ပြီး သိမ်ကျောင်း၏ ခေါင်မိုးနှင့် ဆိုလာပြားများ ထိခိုက်ပျက်စီးမှုရှိသည်ဟု ဒေသခံထံမှ သိရှိရပါသည်။



Leave a Reply
Want to join the discussion?Feel free to contribute!