မန်ပြိန်းရွာသူကြီးကို ကိုးကန့်တပ်မှ အကြောင်းမဲ့ပစ်သတ်ခဲ့၊ သိန်း ၃၀ ကျပ်ဖြင့်သာ လျော်ကြေးပေးဆောင်ခဲ့

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် ပန်ကူကျေးရွာအုပ်စု မန်ပြိန်းကျေးရွာ၏ ကျေးရွာသူကြီးကို ကိုးကန့်တပ်မတော်- MNDAA မှ  ပစ်သတ်ခဲ့ပြီး လျော်ကြေးငွေအနေဖြင့် ကျပ်သိန်း ၃၀ ပေးခဲ့ကြောင့် ဖြစ်စဥ်သိရှိသူဒေသခံတစ်ဦးမှ ပြောပါသည်။

ဖြစ်စဥ်တွင် ပြီးခဲ့သည့် မတ်လ ၁၇ ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် မန်ပြိန်းကျေးရွာသူကြီး အသက် ၃၇ နှစ်အရွယ်ရှိဦးနိုင်ကိန်ကို ကိုးကန့်တပ်မတော်-MNDAA မှ အကြောင်းမဲ့ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဥ်သိရှိသူ ကျေးရွာခံတစ်ဦးမှ ” အဲနေ့တုန်းက သူ(ဦးနိုင်ကိန်)က တခြားအိမ်မှာသွားလည်တာ၊ အဲချိန်ကိုးကန့်တွေက ရွာထဲရောက်လာတယ်၊ သူတို့အိမ်နားရောက်တော့မဲ့ အချိန်ဖြစ်မယ်၊ သူ့အိမ်ပြန်ကြည့်မယ်ပေါ့၊ အိမ်ပြန်တဲ့အချိန်မှာပဲ ကိုးကန့်တပ်တွေက သူ့ကိုပစ်သတ်လိုက်တယ်” သည်ဟု TWOကို ပြောပါသည်။

အဆိုပါ ပစ်သတ်ခံရသည့် မန်ပိန်းရွာသူကြီး ဦးနိုင်ကိန်ကို  ကိုးကန့်တပ်ဘက်မှ သိန်း ၃၀ ကျပ်သာ လျော်ကြေးအနေဖြင့် ရွာသားများထံ ပေးဆောင်ခဲ့ကြောင်း ထပ်မံပြောဆိုပါသည်။

” သူတို့က ဘာမှ မပြောဘူး ပိုက်ဆံ သိန်း ၃၀ ပဲ လာထုတ်ခိုင်းတယ်။ လျော်ကြေးအနေနဲ့ပေးတာတဲ့။ ဘာကြောင့် ပစ်သတ်လဲဆိုတာတောင် မမေးရဘူး” ဟု ဆိုပါသည်။

ထိုဖြစ်စဥ်နည်းတူ ပြီးခဲ့သည့် မတ်လ ၁၄ ရက် ညနေ ၂ နာရီဝန်းကျင်သည်လည်း နမ့်ဖက်ကာကျေးရွာ ရပ်ကွက် ၄ တွင်MNDAA ၏ ဒရုန်းဗုံးထိခိုက်သည့် ဒေသခံတစ်ဦးကို ကယ်ထုတ်ရန် သွားနေသည့် ကိုနိုင်ထွန်းဆိုသူကို ကိုးကန့်တပ်မတော်-MNDAA မှ အကြောင်းမဲ့ ပစ်သတ်ပြီး အလောင်းကို မိသားစုထံ ပြန်မပေးဘဲ မီးရှို့ခဲ့သည့် ဖြစ်စဥ်လည်း ဖြစ်ပွားခဲ့ပါသည်။

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *