နမ့်ခမ်း ပေါက်ကွဲမှုတွင် သေဆုံးသူ ၅၀ ဦးအထိရှိလာ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ  ဆက်လက်လုပ်ဆောင်နေဆဲ

မနေ့ မေလ ၁၂ နာရီခွဲဝန်းကျင်ခန့်တွင် နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာ ပေါက်ကွဲမှုကြောင့် ကျေးရွာခံ သေဆုံးသူစုစုပေါင်း ၅၅ ဦးအထိရှိလာပြီး ဒဏ်ရာရသူ လူဦးရေ ၈၀ ကျော်အထိ ရှိနေသောကြောင့် သေဆုံးသူထပ်တိုးလာနိုင်သည်ဟု ကျန်းမာရေးဝန်ထမ်းများနှင့် ကယ်ဆယ်ရေးအဖွဲ့များထံ သိရှိရသည်။

လက်ရှိအချိန်အထိ ကလေးအပါအဝင် အမျိုးသား ၃၀ ဦး၊ အမျိုးသမီး ၂၅ ဦး စုစုပေါင်း ၅၅ ဦး နှင့် ဒဏ်ရာရရှိသူ ၈၀ကျော် အထိ ရှိနေသည်ဟု သိရသည်။

ပိတ်မိနေသူများအား မနေ့ညနေပိုင်းအထိ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေလျက်ရှိပြီး ဒဏ်ရာပြင်းထန်သူများကို နမ့်ခမ်းမြို့ဆေးရုံတွင်  ပို့ဆောင်ကုသနေကြပြီး ကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း ယနေ့အချိန်အထိဆက်လက်လုပ်ဆောင်သွားရန် ရှိသည်ဟု သိရသည်။

ပေါက်ကွဲသည့် ယမ်းသိုလှောင်ထားသည့် ဂိုဒေါင်သည် TNLA စီးပွားရေးဌာန၏ ကျောက်မိုင်းထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် သိုလှောင်ထားသည့် ယမ်းအပျော့စားများဖြစ်သည်ဟု TNLA မှ ထုတ်ပြန်ထားသည်။

ထို့အပြင် ယမ်းပေါက်ကွဲမှုကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသူများအတွက် ကူညီကယ်ဆယ်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်များကို သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ အမြန်ဆုံး ဆောင်ရွက်နေပြီးဖြစ်ကြောင်းကိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။