သီပေါမြို့ကို စကစမှ ထပ်မံဗုံးကြဲခြင်းကြောင့် ဒေသခံ ၃ ဦး ဒဏ်ရာရ

တအာင်းတပ်မ​တော် – PSLF/TNLA ထိန်းချုပ်ထားသည့် သီပေါမြို့ကို အကြမ်းဖက်စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင့် ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်ဟု သိရှိရသည်။

ယနေ့ ၁၈ ရက် မနက်ပိုင်း ၉ နာရီကျော်အချိန် သီပေါမြို့အလယ်တွင် အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းတိုက်ခဲ့ခြင်းကြောင့် ဒေသခံ အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ဖြစ်စဥ် သိရှိသူ အမျိုးသမီး တစ်ဦးမှ ” မြို့လယ် အနောက်ရပ်ကွက်နဲ့ တောင်ရပ်ကွက်မှာကျတယ်။ ၃ ဦးထိတယ်။ မိန်းကလေး ၁ ဦးက ဘယ်လက်ခလယ် ကြိုးသွားတယ်။ နောက်ထပ်မိန်းကလေးက ဘယ်ခြေ‌သလုံးအရိုးကြိုးသွားတယ်။ ယောကျ်ားလေးက ညာခြေသလုံး ကြိုးတယ်။ ဘယ်တင်ပါးလည်း ထိတယ်” ဟု ပြောပါသည်။

အဆိုပါ ဗုံးကြဲဲ ခဲ့ခြင်းကြောင့် ထိခိုက်ဒဏ်ရာသူများသည် အနော​က်ရပ်ကွက်နေ ၃၇ နှ စ်အရွယ် မရွှေရီ​ဝင်း၊ မချိုစင် ၆၇နှစ် နှင့် ဦးဂျမား တို့ဖြစ်ပြီး ဒေသခံနေအိမ်များလည်း ထိခိုက်ပျက်စီး သွားခဲ့သည်။

ပုံ – ဒေသခံ