နောင်ချိုမြို့တိုက်ပွဲကာလအတွင်း အရပ်သား ၂ ဦး သတ်ဖြတ်ခံရပြီး ၁ ဦး ဒဏ်ရာရ
ပြီးခဲ့သော ဇွန်လ ၂၆ ရက်နေ့ ညနေပိုင်းတွင် နောင်ချို့မြို့ရပ်ကွက် ၄ တွင် နေထိုင်သည့် အသက် (၂၃) နှစ်အရွယ် မချယ်ရီထိန်း နှင့် အသက် ၁၆ နှစ်အရွယ် မထက်ရီဝင်း ဆိုသူနှစ်ဦးသည် သေနတ်ဒဏ်ရာနှင့် ပစ်ခတ်ခံရပြီး သေဆုံးနေသည်ကို တွေ့ရှိရသည်ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးမှ ပြောပြပါသည်။
အလားတူ နောင်ချိုမြို့ ရပ်ကွက် ၄ တွင်နေထိုင်သည့် အသက် (၂၇) နှစ်အရွယ် ကိုကျော်နန္ဒဦးသည် ၂၅ ရက်နေ့ ညနေပိုင်းတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ခြေတစ်ဖက်ဆုံးရှုံးခဲ့ရပြီး ပြင်ဦးလွင်ဆေးရုံတွင် ယနေ့အထိ ဆေးကုသမှုခံယူနေရသည်ဟု သိရသည်။
နောင်ချိုမြို့ကို တအာင်းတပ်မတော် (TNLA) နှင့် မန္တလေး PDF တို့ ယနေ့ထိ ပူးပေါင်းတိုက်ခိုက်နေကြပြီး လက်နက်ကြီးများကြောင့် အရပ်သားနေအိမ်ထိခိုက်ပျက်စီးမှုစရင်းများကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။
ဓါတ်ပုံ – google
#တအာင်းအမျိုးသမီးအဖွဲ့အစည်း
#နောင်ချိုတိုက်ပွဲ #အရပ်သား #သတ်ဖြတ်ခြင်း #လက်နက်ကြိးထိမှန် #ရှမ်းမြောက်