
စကစ မှ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ ကျောက်မဲပြည်သူဆေးရုံတွင် ဗုံးကြဲခြင်းကြောင့် ကျန်းမာရေးဝန်ထမ်းနှင့် လူနာ ၂၀ ကျော် ထိခိုက်
အကြမ်းဖက်စစ်ကောင်စီမှ…

ကျောက်မဲမြို့တွင် လေကြောင်းတိုက်ခိုက်ခြင်းကြောင့် ဒေသခံ ၂ ဦးသေဆုံး ၃ ဦးထိခိုက်ဒဏ်ရာရရှိ
ရှမ်း/မြောက် တအာင်းတပ် ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ် ရပ်ကွက် ၇ တွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုကြောင်း ဒေသခံ ၂ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်
ဖြစ်စဉ်တွင် လွန်ခဲ့သော ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် အကြမ်းဖက်စစ်ကောင်စီဘက်မှလေကြောင်းတိုက်ခိုက်မှုကြောင်း ဒေသခံ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး အမျိုးသမီး၂ ဦးနှင့် အမျိုးသား ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
သေဆုံးသွားသည့် မောင်မျိုးမင်းထွေး၏ ဖခင်ဖြစ်သူမှ” နေ့လည် ၂ နာရီဝန်ကျင်ပေါ့ ဗုံးက အိမ်နောက်ရဲ့ကတ်လျက် မီးဖိုချောင်အနောက်တစ်ဖတ်ကမ်းမှာကျတယ်။ ဗုံးကတစ်လုံးပဲတွေ့တယ် မီးဖိုချောင်တစ်ခုလုံး တောင်ပျောက်ကွယ်သွားတာပဲ။ အဲ့အချိန်ပဲ ၃ယောက်ထိတယ် ၊၊ မျိုးမင်းထွေးဆိုရင် အူခွေပဲတွေ့တော့တယ်။ ခန္ဓာကိုယ်တောင်ရှာမတွေ့ဘူး။ ဘေးပတ်ဝန်ကျင်အိမ်တွေလည်းပျက်စီးသွားတယ်။ ကျန်တဲ့မိန်းကလေး တစ်ယောက်သေသွားတယ်။ နောက်တစ်ယောက်ကျတော့ နောက်နေ့ မနက်မှသေသွားတယ်။ဗုံးက ပေါင် ၃၀၀ လောက်ဖြစ်မယ်။ အသံကတော့ တစ်ချက်ပဲကြားလိုက်တယ်။ ဒါပေးမယ့် သူများပြောတော့ ၂ လုံးကြဲတယ်၊ ဗုံးမကြဲခင် ကလေးတွေက အိမ်မှာဆော့နေကြတယ်။ ကလေးတွေကို ထမင်းစားဖို့အော်ခေါ်နေတယ်၊၊ ခနရောက်တော့ ဗုံးလာချသွားတယ် ကလေးအသံလည်းမကြားရတော့ဘူး။ ကလေးတွေကလည်း မထူးဘူး။
စိတ်က ပိုစို့ရိမ်သွားပြီ။ လေယာဉ်လဲဝဲနေတယ်။ ဖုံတွေလည်း ထ နေတယ်။ ခနနေရောက်တော့ ကျနော်တို့ရှိတယ်ဆိုပြီးပြန်ပြောလာတယ်။ ကလေးတွေက အိမ်ထဲ ခုံအောက်မှာ ဝင်ပုန်းနေတယ်။ ကလေးတွေကို အထဲဆွဲသွားတယ်သူတို့လည်း အော်နေတယ်၊ သားကြောက်တယ်။ သားကြောက်တယ်။ တော်သေးတယ်၊ ကလေးတွေက မထိဘူး။ ဗုံးကြဲပြီးနောက်မှာက ပထမဆုံး မနှင်းဆီကိုအရင်တွေ့တယ်။ သေလားရှင်းလားတော့မသိသေးဘူး။ လက်ကလေးတော့လှုပ်နေသေးတယ်။ ရှိတဲ့သူကိုခေါ်ပြီး ဒီမှာ တစ်ယောက်ထိပြီး။အိမ်ထဲပြန်ပြေးဝင်တော့ ကျနော်ညီဖိနပ်မတွေ့ဘူး။ အနောက်ကိုကြည့်လိုက်တော့ အကုန်လုံးဟင်လင်းပြင်ကြီးဖြစ်သွားတယ်။
ဗုံးခိုကတုတ်ကျင်းလည်းပြုကျသွားပြီ။ အိမ်ကတော့ တချို့က အပြင်ပိုင်းတွင်ကြည့်ရင်တော့ ဒီလောက်ကြီးမဟုတ်ဘူး။ မြမာလာတည်းခိုခန်းနဲ့ ဒေါ်သန်းနုအိမ်ကသူချွေးမပြောပုံအရဆိုရင် ထပ်ခိုးတွေ အကုန်ပြိုကျတာပဲ။ ကျနော်တို့ ဒီခန့်မ မြို့တော်ခန်းမကြီးမိခင်နှင့်ကလေးပြုစုစောင့်ရှောက်ရေး မိုးလုံလေလုံကစားကွင်းက ပွင့်ထွက်သွားတာပဲ။ တံခါးတွေအကုန်ပွင့်ထွက်တယ်။ ကျနော်တို့အိမ်ဆိုရင် အကုန်လုံးဘာမှ ရစရာမရှိဘူး။ နီးနားက ကုမဏ္ဏီဆိုလဲအကုန်ပွင့်။ အိမ်ထိတာက ၂ ခါရှိပြီ.one…

ကွတ်ခိုင်မြို့ တွင် အမျိုးသားတစ်ဦးမိုင်းနင်းမိ
တအာင်းတပ်မတော်_PSLF/TNLA …

နောင်ချိုမြို့တွင် လေကြောင်းဗုံးကြဲမှုကြောင့် ဒဏ်ရာရသော အမျိုးသမီးတစ်ဦး ထပ်မံ ခွဲစိတ်မှု ပြုလုပ်ရန်အတွက် အကူအညီလိုအပ်နေ
တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားသော…

မိုင်းထိတဲ့ သီပေါ ဒေသခံအမျိုးသားတစ်ဦး ဆေးကုသမှုအတွက် အကူအညီလိုအပ်
တအာင်းတပ်မတော်ထိန်းချုပ်ထားသည့်…

ရှမ်း/တောင် ကျောက်ဂူကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရ သော အမျိုးသမီးတစ်ဦး ဆေးကုသမှုအတွက် အကူအညီလိုအပ်နေ
ရှမ်း/တောင် ရပ်စောက်မြို့နယ်၊…

လုံကမ်ဒေသခံတစ်ဦးကို ကချင်တပ်သားများမှ သူခိုးဟု စွတ်စွဲပြီး လက်ကိုဓားနဲ့ခုတ်
ရှမ်း/မြောက် ကွတ်ခိုင်မြို့နယ်…

ရပ်စောက်၊လွယ်ဟောင်ကျေးရွာအတွင်းအကြမ်းဖက်စစ်ကောင်စီလေကြောင်းဗုံးကြဲခြင်းကြောင့်ဒေသခံ၃ဦးသေဆုံးပြီး၁၀ဦးဒဏ်ရာရရှိဆေးကုသမှုအတွက်အကူအညီလိုအပ်နေ
ရှမ်းပြည်နယ်တောင်ပိ…

အကြမ်းဖက်စစ်ကောင်စီနဲ့ DPLAတပ် တိုက်ပွဲကြောင့်ကျောက်ဂူ ဒေသခံများမှ ထွက်ပြေးတိမ်းရှောင်နေရ
ရှမ်း/တောင် ရပ်စောက်မြို့နယ်…

သီပေါ၊ စံဖိတ်ကျေးရွာ မိုင်းနင်းမိတဲ့ဒေသခံတစ်ဦး ခြေထောက်တစ်ဖက်ပြတ်သွားပြီး ဆေးကုစရိတ် အခက်အခဲရှိနေ
ရှမ်းပြည်နယ်မြောက်ပိုင်း…
