သီပေါတွင် ထင်ခွေသွားသည့်အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်မှာပြင်းထန်ဒဏ်ရာရ

ရှမ်း/မြောက် တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားသည့် သီပေါမြို့နယ်တွင် ​ဒေသခံ အမျိုးသားတစ်ဦးမှ  ထင်သွားခွေရာကနေ မြေမြှုပ်မိုင်းနင်းမိပြီး ညာခြေထောက်တွင် ပြင်းထန်ဒဏ်ရာ ရရှိခဲဲ့သည်။

ဖြစ်စဉ်တွင်  မနေ့ မေလ ၇ ရက် နေ့လယ် ၁၂ နာရီခွဲအချိန်တွင် သီပေါမြို့နယ် အကြမ်းဖက်စစ်​ကောင်စီ၏ တပ်စခန်းဟောင်းဖြစ်သည့်  ခလရ (၂၃) တပ်စခန်းတွင်  ထင်းခွေသွားရာမှ  မိုင်းနင်းမိခဲ့ခြင်းဖြစ်ပါသည်။

ဒီဖြစ်စဥ်သိရှိသူအမျိုးသမီးတစ်ဦးမှ “သူ့က ထင်းသွားခွေရင်းနဲ့ လမ်းမှားပြီး ၂၃ တပ်ရောက်သွားတယ်၊ တပ်ထဲမှာ မိုင်းထိတာ၊ သူ့​ခြေထောက် ညာခြေကျင့်ဝတ်အထိ ပြတ်ထွက်သွားတယ်၊ သူ့မိန်းမရှိတယ်၊ ကလေးလဲရှိတယ်၊ သူ့မိဘတော့မရှိတော့ဘူး၊ အခုအဲ့လူနာကိုတော့ အခြားမြို့ကိုလွှဲပြောင်းသွားတယ်” ဆိုပါသည်။ 

အဆိုပါမိုင်းထိသည့် အမျိုးသားသည် ကုန်းစုံရွာနေ အသက် ၃၂ နှစ်အရွယ် ဦးအိုက်လောဝ်ဆိုသူ ဖြစ်ပြီး လက်ရှိမှာတော့ သိန္နီဆေးရုံတွင် ဆေးကုသမှုခံယူနေလျက်ရှိကြောင်း သိရှိရပါသည်။ 

လွန်ခဲ့သော ဧပြီလ ၁၆ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်တွင် အသက် ၅၀ နှစ်အရွယ် ကိုထွန်းထွန်းဆိုသူသည်လည်း  လမ်းမကြီးပေါ်မှတစ်ဆင့် အကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်းဟောင်းဖြစ်သည့် (၂၃) တပ်အတွင်းသို့ ငှက်လှမ်းပစ်ရာကနေ မိုင်းနင်းမိခဲ့သည့် ဖြစ်စဥ်ပွားခဲ့ပါသည်။