နောင်ချိုမှာ တောယမ်းရင်း အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ဆေးကုသစရိတ် အရေးပေါ်လိုအပ်

ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် အမျိုးသားတစ်ဦးက မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ခြေထောက်တစ်ဖက် ဖြတ်လိုက်ရကြောင်း သိရပါသည်။

ပြီးခဲ့သည့် မေလ ၂၄ ရက် ညနေ ၃ နာရီဝန်းကျင်တွင် နောင်ချိုမြို့နယ် ၁၁၅တပ်၏ မြောက်ဘက်ရှိ ၎င်းတို့၏မြေကွက်တွင် စပါးကြဲရန်အတွက် တောယမ်းနေစဉ် လုံရုံးရွာမှ  အသက် ၅၇ နှစ်အရွယ် ဦးအိုက်စောဆိုသူသည်  မိုင်းနင်းမိခဲ့ခြင်း ဖြစ်ပါသည်။

“သူက စပါးစိုက်ဖို့ တောသွားရမ်းတာ။ တစ်ခေါက်တောင် ကြဲပြီး စိုက်ပြီးပြီ.။ ခုလဲ သူတောယမ်းနေတာ တစ်ဝက်‌တောင်ရောက်နေပြီး  ။ သူ့ခြေထောက် ထိသွားတယ်။ သူ့ခြေတစ်ဖက်က ဖြတ်ရမယ်”ဟု ဒေသခံ အမျိုးသမီးမှ တအာင်းအမျိုးသမီးအဖွဲ့အစည်းအားပြောကြားခဲ့ပါသည်။

လက်ရှိတွင် မိုင်းနင်းမိခဲ့သည့် ဦးအိုက်သည်  ပြင်ဦးလွင် ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ကာ ဆေးကုသမှု ခံယူလျက်ရှိပြီးဆေးကုသရန်အကူညီလိုအပ်နေကြောင်း သိရပါသည်။